ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့မှ န၀မအကြိမ် မြောက် အသက်ရာကျော် ဘိုးဘွား
များအား ပူဇော်ကန်တော့ ရန် အစီအစဉ် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံး ရှိ အသက် ၁၀၀
နှစ် အထက် ဘိုးဘွားများ အပူဇော် ခံလိုပါက အဘိုး အဘွားများ၏ မိသားစု အနီးကပ် စောင့်ရှောက်
နေသော မိသားစု မှ လိုအပ်သော အချက်အလက် များပြုစု၍ မင်္ဂလာဗျူဟာ ပရဟိတ အဖွဲ့ ၊
မင်္ဂလာဗျူဟာ အသင်းချုပ် ၊ အာဇာနည်လမ်း ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ သို့ ဇွန်လ ၁၅ ရက်နေ့
နောက်ဆုံးထား ပေးပို့ နိုင်ကြောင်း သိရသည်။ အပူဇော်ခံ လိုသူများ နှင့် ပတ်သက်၍ လျှောက်ထားရာတွင်
နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ တစ်စောင် ၊ သန်းခေါင် စာရင်း မိတ္တူ တစ်စောင် ၊ သက်ဆိုင်ရာ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံး မှ အသက်ရှင်လျက် ရှိကြောင်း ထောက်ခံချက် မူရင်း တစ်စောင် ၊ ဘိုးဘွားများ၏ ၄ x ၆
လက်မအရွယ် ဓာတ်ပုံ တစ်ပုံ ၊ ပရဟိတ အဖွဲ့မှ ပြန်ကြား ရမည့် နေရပ်လိပ်စာ နှင့် ဖုန်းနံပတ် ၊
အထူးသဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် ၉၉ နှစ် ၆ လ ပြည့်သော အဘိုးအဘွား များလည်း ပူဇော်
ကန်တော့ခွင့် ရရှိပြီး စာရင်း ပေးပို့ နိုင်ကြောင်း သိရသည်။ အသက် ရာကျော် အဘိုး အဘွား များအား
လှူဖွယ် ၀တ္ထု အစုစု နှင့် ငွေသားများ လှူဒါန်း လိုပါက မင်္ဂလာ ဗျူဟာ ပရဟိတ အဖွဲ့ ဖုန်း ၀၁- ၃၇၀ ၉၅၈
၊ ၀၉- ၄၂၀၀ ၉၈၅၂၆ ၊ ဒေါက်တာ မင်းဆွေ ( အဖွဲ့ ဥက္ကဋ္ဌ ) ၀၉- ၅၀၀၃ ၁၁၇ ထံသို့ ဆက်သွယ် စုံစမ်း
နိုင်ကြောင်း သိရှိရသည်။
မူရင်း-http://
also Credit to The Myawady Daily
No comments:
Post a Comment