ဘောလုံးကစားခြင်းမှ အနားယူတော့မည့် ဒေးဗစ် ဘက်ခမ်း ….
၁၇/၅/၂၀၁၃
ဒေးဗစ်ဘက်ခမ်းသည် ယခုနှစ်ဘောလုံးရာသီအကုန်တွင် နှစ်ပေါင်း
( 20 ) ခန့်ထင်ပေါ်ကျော်ကြားခဲ့သည့် ဘောလုံးသမား ဘဝမှ အနားယူ
တော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် အသင်း
ခေါင်းဆောင် ဟောင်းသည် နိုင်ငံအသင်းအတွက် ( 115 ) ပွဲကစားပေးခဲ့ပြီး
မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ( 394 ) ပွဲအထိ ကစားခဲ့ကာ
ပရီးမီးယားလိဂ် ချန်ပီယံဆု ( 6 ) ကြိမ် နှင့် ချန်ပီယံလိဂ် ဖလားကို ( 1 )
ကြိမ်ရယူနိုင်ခဲ့သည်။ အသက် ( 38 ) နှစ်အရွယ် ဒေးဗစ် ဘက်ခမ်းသည်
ပြီးခဲ့သည့် ဇန်နဝါရီ က ပီအက်စ်ဂျီအသင်း နှင့် ( 5 ) လ စာချုပ်ချုပ်ဆို
ခဲ့သည်။ “ ကျနော် ဘောလုံးဆက် ကစားဖို့ အခွင့်အရေးပေးခဲ့တဲ့ ပီအက်စ်
ဂျီ အသင်း ကို အထူးပဲကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် အခုအချိန်မှာ
ကျနော့်ရဲ့ ကစားသမားဘဝ ကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်
” ဟု ဘက်ခမ်း ကပြောခဲ့သည်။ ပီအက်စ်ဂျီ သည် ရာသီမကုန်ခင် ( 2 )
ပွဲကစားရန် ကျန်နေပြီး လာမည့် စနေနေ့တွင် အိမ်ကွင်း ၌ ဘရက်စ်
အသင်းကို လက်ခံကစားရမည်ဖြစ်ကာ မေ ( 26 ) ရက် နေ့တွင် လောရီး
ရန့် အသင်းကို အဝေးကွင်းပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ ဘက်ခမ်း
သည် ပီအက်စ်ဂျီအသင်းသို့ ပြောင်းလာခဲ့ပြီးနောက် ( 13 ) ပွဲကစားထား
ခဲ့ကာ ပြင်သစ်အမှတ်ပေးချန်ပီယံသစ် မှ ၄င်းရခဲ့သည့် လုပ်ခလစာများကို
ပရဟိတ လုပ်ငန်းများသို့ လှူဒါန်းခဲ့သည်။ နာမည်ကျော် ကွင်းလယ်ကစား
သမားသည် မန်ယူ ၊ ရီးရဲလ်မက်ဒရစ် ၊ LA Glaxy ၊ အေစီမီလန် နှင့်
ပီအက်စ်ဂျီ အသင်းများတွင် ကစားခဲ့ပြီး ကစားသမားဘဝ တစ်လျှောက်
အမှတ်ပေးပြိုင်ပွဲချန်ပီယံ ( 10 ) ခုအပါအဝင် ပြိုင်ပွဲအရပ်ရပ် အောင်မြင်မှု
စုစုပေါင်း ( 19 ) ကြိမ် အထိ ရှိခဲ့သည်။ ဒါ့အပြင် နိုင်ငံလေးခု၏ မတူညီသော
လိဂ်ပြိုင်ပွဲများတွင် ချန်ပီယံဆု ရခဲ့သော အင်္ဂလန်၏ တစ်ဦးတည်းသော
ကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။
No comments:
Post a Comment