Popular Myanmar News Journal
မတ်လ ၂၁ ရက်နေ့ ည ၈ နာရီ ၀န်းကျင်ခန့်က မရမ်းကုန်းမြို့နယ် အတွင်း
ဖြစ်ပွားခဲ့သည့် အမှုအပေါ် တ ရား ခံ အား ရဲက ပုဒ်မ (၄၅၈) လုယက်မှုဖြင့်
အမှုဖွင့်လိုက်ပြီဟု ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ပြောဆို လိုက်သည်။
ရွှေနှင်းဆီကန်လမ်း ၅ ရပ်ကွက် မ/၃၀၃ D ၌ အိမ်ရှင်များဖြစ်သည့် အသက် ၄၀ အရွယ်
နှင့် ၄၁ နှစ်အရွယ် ရှိ အမျိုးသမီး ၂ ဦးအပါအ၀င် အသက် ၁၁ နှစ်နှင့် ၇
နှစ်အရွယ်ရှိ ကလေးငယ် ၂ဦးအား ပစ္စည်းခိုးယူရန် နေ အိမ် အတွင်းသို့
ဝင်ရောက်ခဲ့သူက ဓားဖြင့် ခုတ်မှုကြောင့် ဒဏ်ရာများ ရရှိ၍ မြောက်ဥက္ကလာပ
ဆေးရုံ ကြီး သို့ အရေးပေါ် တင်ခဲ့ရမှုအပေါ် ထိုသို့အမှုဖွင့်လိုက်ခြင်း
ဖြစ်သည်ဟု အထက်ပါတပ်ဖွဲ့က ပြောသည်။
အမှုဖွင့်တိုင်တန်းမှုအား မရမ်းကုန်း ရဲစခန်းက ပ ၁၄၅/၁၃ ဖြင့် လက်ခံ၍
ဆောင်ရွက်ပေးပြီး အမှုစစ်ကို ဒုရဲ အုပ် မြင့်ဇော်ဦးက လုပ်ဆောင်မည်ဟု
ရဲမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်အရ ဓားဖြင့်အခုတ်ခံရသောသူ ၄ ဦးတို့မှာ အခုတ်မခံ ရခင် နေအိမ်မြေညီထပ်
ထမင်းစားခန်း၌ တီဗီ ကြည့်နေခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ထမင်းစားရန်
ဒေါ်........က မီးဖိုချောင်ထဲသို့ ၀င်သွားစဉ် ထိုမီးဖိုေ ချာင်ထဲ၌
ရောက်ရှိနေသည့် အသက် ၂၀ ကျော်အရွယ် အမည်မသိအမျိုးသားတစ်ဦးက အရိုးအသွား ၁၀
လက် မခန့်ရှိ သစ်သားရိုးတပ် ဓားမဖြင့် စတင်ခုတ်လိုက်ခြင်းဖြစ်ကြောင်း
သိရသည်။ အခုတ်ခံရမှုကြောင့် ဒေါ်........မှာ ယာလက်မောင်း ပြတ်ရှ၊ ၀ဲ/ယာ
လက်ဖ၀ါးပြတ်ရှ၊ ၀ဲလက်ဖျံ ပြတ်ရှ ဒဏ်ရာများ ရရှိ ခဲ့ကြောင်း၊ အဆိုပါ
အမျိုးသားက ထမင်းစားခန်းဝင်ရောက်ပြီး တီဗီကြည့်နေသူ ၃ ဦးအား ဓားမဖြင့် ဆက်
လက် ခုတ်နေစဉ် ပထမဦးဆုံး အခုတ်ခံရသူက နေအိမ် အပြင်ဘက်သို့ အော်ဟစ်အကူအညီ
တောင်းခံ ခဲ့ကြောင်း၊ အော်သံကြောင့် အိမ်အပေါ်ထပ်၌ စာကျက်နေသူ မောင်.....က
ပြေးဆင်းလာရာ ဓားကိုင် ၀င်ေ ရာက် ခုတ်သူက ခြံစည်းရိုး အုတ်တံတိုင်းကို
ကျော်၍ ထွက်ပြေးသွားသည်ဟု ထွက်ဆိုချက်များအရ သိရ သည်။
အမှုဖွင့်တိုင်တန်းသူတို့၏ ထွက်ဆိုချက်အရ အမည်မသိတရားခံမှာ မျက်နှာသွယ်
ဆံပင်နက်ကာ ဘိုကေ ညှပ် ထားကြောင်း၊ အရပ်မှာ ၅ ပေ ၃ လက်မခန့်ရှိပြီး
ခန္ဓာကိုယ်သွယ်ကာ စွပ်ကျယ်ဖြူ ဘောင်းဘီတို ၀တ် ထားကြောင်း သိရသည်။ အဆိုပါ
တရားခံကို ရဲတပ်ဖွဲ့က စုံစမ်းဆဲဖြစ်ပြီး ဖမ်းဆီးရမိရေးကို ဆက်လ
က်ဆောင်ရွက်နေကြောင်း ယနေ့ မနက်ပိုင်းက ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှုအပေါ်
ဖြေသည်။
PN 051
oppositeyes တဆင့် မှပြန်လည်မျှဝေပါသည်
No comments:
Post a Comment