ဗုဒ္ဓ၏ ကိုယ်ပွား ဘုရားဆင်းတုရုပ်ပွားတော်အား သွန်းလောင်းထုလုပ်ပူဇော်ခြင်းဖြင့် ရရှိခံစားနိုင်သော အကျိုးတရားများ။
၁။ အပါယ်လေးပါးသို့ မလားခြင်း။၂။ မဇ္ဈိမတိုက်သား ဖြစ်ခြင်း။
၃။ ယောက်ျားကောင်း၊ ယောက်ျားမြတ် ဖြစ်ခြင်း။
၎။ ကိုယ်လက်အင်္ဂါ ချို့တဲ့သောသူ ဘယ်သောအခါမှ မဖြစ်ခြင်း။
၅။ ဒွန်းစန္ဒား သူ့ကျွန်ဘ၀မျိုးဘယ်သောအခါမှ မဖြစ်ခြင်း။
၆။ လောကန္တရိတ် ငရဲသို့ဘယ်သောအခါမှ မကျရောက်ခြင်း။
၇။ ယုတ်မာသောအမျိုးအနွယ် ဘယ်သောအခါမှ မဖြစ်ခြင်း။
၈။ မြင့်မြတ်သော အမျိုးအနွယ်၌သာ လူဖြစ်ရခြင်း။
၉။ လူအပေါင်းချစ်ခင်မြတ်နိုးမှုကို ခံရခြင်း။
၁၀။ မြတ်သောလာဘ်လာဘ၀ထ္ထုပစ္စည်းတို့ကိုရရှိခြင်း။
၁၁။ ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝခြင်း။
၁၂။ အကြံအစည်ဟူသမျှ အောင်မြင်းခြင်း။
၁၃။ အသက်ရှည်၍ အနာကင်းခြင်း။
၁၄။ အဆင်းရူပချောမောပြေပြစ်လှပခြင်း။
၁၅။ ဘုန်းကံကြီးမားခြင်း။
၁၆။ ဥာဏ်ပညာကြီးမားခြင်း။
၁၇။ နတ်ဖြစ်သောနတ်မင်း၊ လူဖြစ်သော်လူမင်းဖြစ်ရခြင်း။
၁၈။ သိကြားမင်း၊ စင်္ကြာဝတေးမင်းအဖြစ် အကြိမ်တစ်ထောင်ဖြစ်ရခြင်း။
၁၉။ ကောင်းသောလိုအင်ဆန္ဒဟူသမျှ ပြည့်စုံခြင်း။
၂၀။ နောက်ဆုံးဘ၀၌ ဈာန်မဂ်ဖိုလ်ရပြီး နိဗ္ဗာန်သို့ရောက်ရခြင်း။
သဒ္ဒါကျောက်ဆရာတော် (သံတွဲမြို့)
မူရင်း- လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း အတွဲ ၁၆ အမှတ် ၈ ၊ ၂၀၁၃ ခု ဧပြီ လထုတ်မှ ဖြစ်ပါသည်။
Photograpy: Ngwe Tun
No comments:
Post a Comment