Monday, January 21, 2013

နေအိမ်ခေါင်မိုးပေါ်တက်နေသည့် လူငယ်တစ်ဦးအား စစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်

21/1/13

၁၆-၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမပေါ်ရှိ နေအိမ်တစ်လုံး၏ အိမ်ခေါင်မိုးပေါ် တက်ရောက်နေသည့် လူငယ်တစ်ဦးအား မသင်္ကာသဖြင့် လှည့်ကင်း ဆောင်ရွက်နေသော မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ရခိုင်ပြည်နယ်၊ တပ်တောင်မြို့နယ်နေ တင်မောင်စိုး(ခ)မောင်မောင်လွင်(၁၉)နှစ်ဖြစ်ပြီး ၎င်း၏ လည်ပင်းတွင် ဆွဲထားသည့် စိန်တစ်လုံး လော့ကတ်သီးပါ စတီးရောင်ဆွဲကြိုးမှာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း မရမ်းကုန်း မြို့နယ်တွင် ခိုးယူခံရသောအမှုမှ ပျောက်ဆုံးနေသောပစ္စည်းနှင့် ဆင်တူနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၂၈-၉-၂၀၁၂ ရက်နေ့ ၀၉၃၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ဒေါ်မာမာလွင်(၆၅)နှစ်၏ နေအိမ်အပေါ်ထပ် ဘီဒိုအတွင်းမှ ရွှေထည်လက်ဝတ်ရတနာပစ္စည်း(၅၂)မျိုးနှင့် ငွေကျပ်(၄၅၀၀၀၀ိ/-)၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၈၃)သိန်း ခိုးယူခံရ၍ ဘုရင့်နောင်ရဲစခန်း (ပ)၅၅၉/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုမှ ပြစ်မှုကျူးလွန်သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တင်မောင်စိုး(ခ)မောင်မောင်လွင်အား အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။

No comments:

Post a Comment