နာမည်ကျော် ဆိုမာလီပင်လယ်ဓားပြခေါင်းဆောင် Big Mouth ပင်လယ်ဓားပြလောကအားစွန့်ခွာ
၂၁/၁/၂၀၁၃
ဆိုမာလီပင်လယ်ဓားပြလောကတွင် Big Mouthဟုအမည်တွင်သောနာမည်ကျော် ပင်လယ်ဓါးပြခေါင်းဆောင်တစ်ယောက်သည် ပင် လယ်ဓားပြလောကအားစွန့်ခွာပြီ ဖြစ်ကြောင်းဆိုမာလီတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ဆိုမာလီဘာသာစကားဖြင့် ပါးစပ်ကြီးဟုအမည်တွင်သောမိုဟာမက်အက်ဒီဟန်ဆန်သည် ပင် လယ်ဓါးပြလောကတွင် ၈ နှစ်ကြာကျင်လည်အပြီးတွင် ထိုလောကကိုစွန့်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းထောက်များအားပြောကြားခဲ့သည်။ ၄င်းသည် ဆိုမာလီအလယ် ပိုင်းရှိ အဒါဒိုတွင် ပင်လယ် ဓားပြလောကမှ ၄င်းနုတ်ထွက်သည့် အကြောင်းကိုသတင်းထောက် များကိုပြောကြားခဲ့ခြင်းဖြစ်သည်။ အဒါဒိုမြို့မှာဆိုမာလီပင်လယ် ဓါးပြတို့ ဓါးစာခံအဖြစ် ဖမ်းဆီးလာသူများကိုထိန်းသိမ်းထားလေ့ ရှိသောနေရာဖြစ်သည်။ ယမန်နှစ်မှ စတင်ကာဆိုမာလီပင်လယ်ဓါးပြတို့သည် ဆိုမာလီကမ်းရိုးတန်းတွင် ယခင်ကလောက် သဘောင်္များကို ပြန်ပေးဆွဲနိုင်ခြင်းမရှိခဲ့တော့ဘဲ ပြန်ပေးဆွဲနိုင်သည့် အရေအတွက် ကျဆင်းခဲ့သည်။ ထိုကဲ့သို့ ပြန်ပေးဆွဲနိုင်သည့် အရေအတွက် ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်းမှာပင်လယ်ကူးသဘောင်္များတွင် ပုဂ္ဂလိကလုံခြုံ ရေးအဖွဲ့များထားရှိလာခြင်းနှင့်နိုင်ငံတကာရေတပ်သင်္ဘောများပါဝင်သောရေကြောင်းကင်းလှည့် တပ်များအင်အားတိုးမြှင့် ချထား ခြင်းတို့ကြောင့်ဖြစ်ကြောင်းလေ့လာသူများကပြောသည်။အဒါဒိုမြို့ အုပ်ချုပ်ရေးမှူး ဖြစ်သူမိုဟာမက်အေဒန်ကပါးစပ် ကြီးအပါအဝင် အခြားသောပင် လယ်ဓားပြခေါင်းဆောင်တို့သည် ပင်လယ်ဓားပြအလုပ်ကိုစွန့်ခွာရန်သဘောတူညီခဲ့ကြသည်ဟုလည်းဆိုထားသေးသည်။
Messenger News Journal စာမျက်နှာမှဖြစ်ပါသည်။
No comments:
Post a Comment