Thursday, January 10, 2013

ရာဇ၀င်ထဲကစက်ရုပ်နှင့်ယန္တရားများ-၃

၁၀.၁.၂၀၁၂
မင်္ဂလာပါခင်ဗျား အခြေနေအရပ်ရပ်ကြောင့် ပိုစ့်တွေအတင်နဲတာကိုခွင့်
လွှတ်ကြပါလို့တောင်းပန်ချင်ပါတယ်။ ယခုတစ်ခါ ရာဇ၀င်ထဲကစက်ရုပ်
အပိုင်း-၃ လေးကိုဆက်လက်တင်ပြပေးသွားမှာပါ။

ရာဇ၀င်ထဲကစက်ရုပ်နှင့်ယန္တရားများ-၃

ယခုတစ်ခေါက်တင်ပြပေးမယ့် ရာဇ၀င်ထဲကစက်ရုပ်ကတော့ ခရစ်နှစ်
၁၂၀၆ ခုနှစ်က တီထွင်ပြုလုပ်ခဲ့တဲ့ အယ်လ်ဂျာဇာရီ ရဲ့ စက်ရုပ်တီးဝိုင်း
ဖြစ်ပါတယ်။ 

Al-Jazari's    အယ်လ်ဂျာဇာရီဟာ အီရတ်လူမျိုး တီထွင်သူတစ်ဦးဖြစ်
ပြီး သူ့ခေတ်အခါက အင်ဂျင်နီယာ၊လက်မှုပညာရှင်၊သင်္ချာ နှင့်နက္ခတ္တ 
ဗေဒ ပညာရှင်တစ်ဦးအဖြစ်ကျော်ကြားခဲ့သူတစ်ဦးပါ။ 

အထက်ဖေါ်ပြပါပုံ မှာတွေ့ရတဲ့အတိုင်း သူ့ရဲ့ စက်ရုပ်တီးဝိုင်းဟာ လှေ
တစ်စီးပေါ်မှာရှိပြီး သူ့အလိုအလျောက် တီးခတ်တဲ့  အရုပ်လေးရုပ်ပါရှိ
ပါတယ်။ အဲဒီလှေကိုတော့ ရေကန်တစ်ကန်ထဲမှာ ထားရှိပြီးမင်းစိုးရာဇာ
ဧည့်သည်တော်တွေလာတဲ့ အခါ ဧည့်ခံပွဲတည်ခင်း   ချိန်မှာ ဖျော်ဖြေဖို့
အသုံးပြုခဲ့တယ်လို့သိရပါတယ်။

အယ်လ်ဂျာဇာရီဟာ အဲဒီစက်ရုပ်လေးရုပ်အပြင် စက်ရုပ်ဒေါင်း၊   စားပွဲ
ထိုးရန်စက်ရုပ်မိန်းမပျို စသည်တို့ကိုလည်းတီထွင်ခဲ့ပြီး၊    အဲဒီစက်ရုပ်
တွေအားလုံးဟာ ရေကိုအသုံးပြုလည်ပတ်စေခဲ့တယ်လို့ လေ့လာသိရှိ
ရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

အပိုင်း-၄ ကိုဆက်လက်တင်ပြပေးသွားမှာပါ။


No comments:

Post a Comment