Saturday, December 29, 2012

ရာဇ၀င်ထဲကစက်ရုပ်နှင့်ယန္တရားများ

29/12/2012
ယခုတင်ပြပေးသွားမည့်အကြောင်းအရာတွေက တော့လက်လှမ်းမှီတဲ့သမိုင်းရာဇ၀င်တွေထဲကတီထွင်မှု
အကြောင်းအရာတွေထဲကပဲဖြစ်ပါတယ်။ စက်ရုပ်တွေနှင့်ပတ်သတ်လို့ ကျွန်တော်တို့လူသားတွေဟာဟိုး
ယခင်ခေတ်ကာလများထဲက စိတ်ဝင်စားမှုပြင်းပြခဲ့ကြတာပါ။ 

ဒါပေမမယ့် ယခုဒီပိုစ့်မှာတော့လက်လှမ်းမှီသမျှရှာဖွေပြီး အပိုင်းတို ၁၀ ပိုင်းအနေနှင့်တင်ပြပေးသွားမှာဖြစ်
ပါတယ်ခင်ဗျား။ အချိန်နှင့်ကော်နက်ရှင်အခက်အခဲလည်းပါပါတယ်     အားလုံးပဲနားလည်ပေးကြမယ်လို့
မျှော်လင့်ပါတယ်

ရာဇ၀င်ထဲက စက်ရုပ်-၁

ပထမဦးဆုံးဖေါ်ပြပေးလိုတာကတော့ ဂျပန်မှGakutensoku လို့အမည်ရတဲ့ဂျပန်ပြည်ရဲ့ပထမဆုံးစက်ရုပ်
ပဲဖြစ်ပါတယ်။ အဲဒီစက်ရုပ်ကိုတီထွင်တဲ့သူကတော့ ဇီဝဗေဒပညာရှင် မာကာတို နိရှီမူရာ ဖြစ်ပြီး 1929 ခုနှစ်
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာတည်ဆောက်ခဲ့တယ်လို့သိရှိရပါတယ်။  အဲဒီ Gakutensoku ဟာ မျက်နှာအ
မူအယာ၊ ခေါင်းလှည့်ခြင်းနှင့် လက်များလှုပ်ရှားခြင်းကို ပြုမူဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။  

အဲလိုလှုပ်ရှားနိုင်အောင် လေဖိအားသုံး     ယန္တယားတစ်မျိုးနှင့်ပြုလုပ်ခြင်းဖြစ်ပါတယ်။ စိတ်မကောင်းစွာပဲ ဂျပန်နိုင်ငံရဲ့ ပထမဆုံးစက်ရုပ်ဟာဂျာမဏီနိုင်ငံမှာ လှည့်လည်ပြသဆဲ ခရီးတစ်ခုမှာ ပျောက်ဆုံးခဲ့တယ်လို့
သိရပါတယ်အခိုးခံရတာလား ဘယ်လိုပျောက်ဆုံးခဲ့ရလဲ ဆိုတာတော့မသိရပါဘူး။ ၁၉၃၀ ခုနှစ်မှာပျောက်
ဆုံးသွားခဲ့ရတာပါ။

၂၀၀၈ ခုနှစ်မှာတော့ ဂျပန်နိုင်ငံ အိုဆာကာ သိပ္ပံပြတိုက် က အဲဒီစက်ရုပ်ကြီးနှင့်  ပုံတူ     အရုပ်တစ်ရုပ်ကို
 ပြန်လည်တည်ဆောက်ပြသထားတယ်လို့လဲသိရှိရပါကြောင်း......။



ရာဇ၀င်ထဲကစက်ရုပ်နှင့်ယန္တရားများ  အပိုင်း ၂ ကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။


No comments:

Post a Comment