Monday, December 24, 2012

ရွှေတိဂုံဘုရားပေါ်ဠင်းတနားခြင်း

24/12/2012

မနေ့က ၂၃ ရက်နေ့ဒီဇင်ဘာ ၂၀၁၂ ညနေပိုင်းမှာ ရွှေတိဂုံဘုရား အထက်ပစ္စယံ အင်္ဂါထောင့်မှာ ၃ ကောင်၊ ရာဟုထောင့်မှာ ၃ ကောင် စုစုပေါင်း ဠင်းတ ၆ ကောင်တိတိလာရောက်နားခိုသွားတယ် 
လို့သိရပါတယ်။
ယနေ့နံနက် ၂၄ ရက်နေ့အထိနားခိုသွားတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက
လဲ လာရောက်နားခိုဘူးတယ်လို့သိရှိရပြီး ယခုလိုဘုရားပေါ်မှာနားခိုတာမဟုတ်ပဲ ရင်ပြင်တော်က
သစ်ပင်ပေါ်နားခိုခဲ့တာလို့ဂေါပကအဖွဲ့ဝင်တစ်ဦးရဲ့အပြောအရသိရပါတယ်။
အဲဒီသတင်းနဲ့ပါတ်သက်လို့လည်း အရပ်ထဲရော အင်တာနက်ဝန်းကျင်မှာ     နိမိတ်ကောက်ခြင်း၊
ထင်ကြေးပေးခြင်းများနဲ့တော်တော်လေး ဂယက်ရိုက်နေတာကိုလည်း စုံစမ်းတွေ့ရှိရပါကြောင်း။

ကိုးကား-News of Myanmar(facebook page)/သစ်ထူးလွင်။

No comments:

Post a Comment