Friday, February 13, 2015

နေရပ်ပြန်မည့်စစ်ဘေးဒုက္ခသည်များအားတာဝန်ရှိသူများနှင့် လားရှိုးမြို့ခံလူထုမှ ၀ိုင်းဝန်းကူညီပေးလျှက်ရှိ





13-2-2015
လောက်ကိုင်မြို့နှင့်အနီးတစ်ဝိုက်ရှိနယ်စပ်ဒေသများတွင် သွားရောက်၍အလုပ်လုပ်ကိုင်လျှက်ရှိကြသော မြန်မာပြည်အောက်ပိုင်းတွင်နေထိုင်ကြသူများ ခန့်မှန်းလူဦးရေ ၁၅၀၀ ကျော်ခန့်သည် ယနေ့(12-2-2015)ရက်နေ့ ညနေပိုင်းတွင် လားရှိုးမြို့သို့ထပ်မံ ရောက်ရှိလာသည့်အတွက် မြို့ခံပြည်သူများနှင့် တာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းတွေ့ရှိရသည်။
နေရပ်ပြန်မည့်စစ်ဘေးဒုက္ခသည်များအား လားရှိုးမြို့နယ်လိုင်းပေါင်းစုံ ယာဉ်စည်းကမ်းထိန်းသိမ်းစည်းကြပ်ရေးအဖွဲ့ ယလက မှ လားရှိုးမြို့မှမန္တလေးမြို့ထိ ၁၂ဘီးယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးလျှက် ရှိပါသည်။ နေ့လည်စာ၊ ညနေစာထမင်းဟင်းများနှင့် ပေါင်မုန့်၊ ရေသန့်ဗူး တို့ကို မန်ဆူကားကြီးကွင်းအနီးတွင်ဖွင့်လှစ်ထားသော ပြည့်လျှံစားသောက်ဆိုင်မိသားစု၊ မြနန္ဒာတည်းခိုခန်းမိသားစု၊ စိမ်းလဲ့ညိုစတိုးမိသားစုနှင့် ရပ်ကွက်နေပြည်သူများက ကူညီလှူဒါန်းပေးလျှက်ရှိကြောင်းတွေ့ရှိရသည်။
လတ်တလောမပြန်နိုင်သေးသည့် ဒုက္ခသည်များကို မန်ဆူရှေ့ကျောင်း။ မန်ဆူရှမ်းကျောင်းနှင့် ရတနာဇေယျုံဘုန်းကြီးကျောင်းတို့တွင် ယာယီတည်းခိုနေထိုင်စားသောက်နိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ မော်တော်ယာဉ်အခက်အခဲကြောင့် လောက်ကိုင်-ချင်းရွှေဟော်မြို့တို့မှ သိန်းနီမြို့၊ လားရှိုးမြို့ထိ လမ်းလျှောက်ပြန်လာကြသည့်ဒုက္ခသည်များ ပိုမိုများပြားကြောင်းလည်းသိရှိရသည်။ ခရီးမိုင်အနေဖြင့် လောက်ကိုင်-ကွမ်းလုံ ၂၃ မိုင်၊ ချင်းရွှေဟော်-ကွမ်းလုံ ၁၃ မိုင် ၊ ကွမ်းလုံ-သိန်းနီ ၅၃ မိုင်၊ သိန်းနီ-လားရှိုး ၃၃ မိုင် ရှိကြောင်းသိရှိရသည်။
စစ်ဘေးဒုက္ခသည်များအတွက် သောက်ရေသန့်၊ ငွေကြေးနှင့်စားသောက်ဖွယ်ရာများ ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါတယ်. . .။

Lashio News facebook group မှတဆင့်ပြန်လည်ကူးယူဖေါ်ပြပါသည်

No comments:

Post a Comment