Monday, July 21, 2014

သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ

ဂိဟိဝိနယခေါ် လူ့ကျင့်ဝတ်များ သိင်္ဂါလသုတ်ဖြစ်ပေါ်လာပုံ အခါတစ်ပါး မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သိင်္ဂါလသတို့သားသည် နံနက်စောစောထပြီး ရာဇဂြိုလ်ပြည်မှထွက်၍ မြို့ပြင်သို့ရောက်သော အါ လက်အုပ်ချီလျက် အရပ်ခြောက်ပါးတို့ကို နေ့စဉ်ရှိခိုး၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ ရာဇဂြိုလ်ပြည်သို့ ဆွမ်းခံဝင်စဉ် အရပ်ခြောက် မျက်နှာကို လှည့်လည်ရှိခိုးနေသည့် သိင်္ဂါလ သတို့သားကို မြင်တော်မူလေရာ ဤသို့မေး တော်မူ၏။ သူကြွယ်သား သင်သည် နံနက်စောစောထပြီး ရာဇဂြိုလ်ပြည်မှထွက်၍ လက်အုပ်ချီလျက် အ ဘယ်အတွက်ကြောင့် အရှေ့ တောင် အနောက် မြောက် အောက် အထက်ဟူသော အရပ်ခြောက် ပါးတို့ကို ရှိခိုးနေသနည်း။ မြတ်စွာဘုရား အကျွန်ုပ်ဖခင်သည် သေခါနီးတွင် ချစ်သား အရပ်မျက်နှာ တို့ကိုရှိခိုးရမည်ဟုမှာခဲ့၍ ဖခင်စကားကို လေးစားလိုက်နာသောအားဖြင့် အရပ်ခြောက်ပါးတို့ကို ရှိခိုးနေပါသည်ဟု ဖြေ၏။ သူကြွယ်သား အရိယာတို့၏သာသနာတော်၌ အရပ်ခြောက်ပါးတို့ကို ဤကဲ့သို့ရှိမခိုးရဘူး။ မြတ်စွာဘုရား သည်လိုရှိမခိုးလျှင် အရိယာတို့၏ သာသနာတော်၌ အရပ်ခြောက်ပါးတို့ကို အဘယ် သို့ရှိခိုးရမည်နည်း။ အကျွန်ုပ်တောင်းပန်ပါ၏။ အရိယာတို့၏သာသနာတော်၌ ရှိခိုးအပ်သော အရပ်ခြောက်ပါးတို့ကို ဟောတော်မူပါ။ သူကြွယ်သား ယင်းသို့နာကြားလိုသည်ဖြစ်ဘိမူ ကောင်းစွာနာကြားမှတ်သားလော့။ ငါဘုရား ဟောတော်မူအံ့။ ကောင်းပါပြီ မြတ်စွာဘုရား။ လေးလေးစားစား နာခံမှတ်သားထားပါမည်။ ဤကဲ့သို့ သိင်္ဂါလသတို့သား တောင်းပန်လျှောက် ထားသောကြောင့် သိင်္ဂါလလုလင်ကိုအကြောင်း ပြု၍ ဤသိင်္ဂါလသုတ်ကို အိမ်ယာတည်ထောင် လူ့ဘောင်နေသူ လူတို့၏ လောကီအကျိုးစီးပွား အလို့ငှါ ဟောတော်မူခဲ့ပါသည်။ သူကြွယ်သား အရိယာသာဝကသည် ညစ်ညူး သော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏။ လေးပါး သော အကြောင်းတို့ဖြင့် မကောင်းမှုကိုမပြု၊ စည်း စိမ်ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ။ ထို အရိယာသာဝကသည် ဤသို့တစ်ဆယ့်လေးပါး သော မကောင်းမှုမှကင်းသည်ဖြစ်၍ အရပ်ခြောက် ပါးတို့ကို လုံခြုံစေလျက် ပစ္စုပ္ပန် တမလွန် နှစ်တန် သော လောကကို အောင်မြင်နိုင်ခြင်းငှါကျင့်၏။ ထိုအရိယာသာဝက၏ ဤပစ္စုပ္ပန်လောကသည် လည်းကောင်း တမလွန်လောကသည်လည်း ကောင်း နှစ်သက်အပ်၏။ ထိုအရိယာသာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်း သောလားရာဖြစ်သော နတ်ပြည်လောကသို့ရောက် ၏။ ညစ်ညူးသော ကံလေးပါး ထိုအရိယာသာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူကား ၁။ သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။ ၂။ မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူး သော ကံမည်၏။ ၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။ ၄။ မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသော ကံမည်၏။ ထိုအရိယာသာဝကသည် ဤညစ်ညူးသောကံ လေးပါးတို့ကို ပယ်အပ်ကုန်၏။ အကြောင်းလေးပါး အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်း မှုကို မပြုသနည်းဟူမူကား ၁။ ဆန္ဒာဂတိ= ချစ်သဖြင့်မလိုက်အပ်သည်သို့ လိုက်၍ မကောင်းမှုကိုပြု၏။ ၂။ ဒေါသာဂတိ = မုန်းသဖြင့် မလိုက်အပ်သည်သို့ လိုက်၍ မကောင်းမှုကိုပြု၏။ ၃။ ဘယာဂတိ = ကြောက်သဖြင့် မလိုက်အပ်သည် သို့လိုက်၍ မကောင်းမှုကိုပြု၏။ ၄။ မောဟာဂတိ = မသိသဖြင့် မလိုက်အပ်သည် သို့ လိုက်၍ မကောင်းမှုကိုပြု၏။ သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝက သည် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိသို့ မလိုက်မှားသောကြောင့်ဤလေးပါး သော အကြောင်းတို့ဖြင့် မကောင်းမှုကိုမပြုဟု ငါ ဘုရား မိန့်တော်မူ၏။ သူကြွယ်သား ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်း ခြင်းကြောင့်လည်းကောင်း ကြောက်ခြင်းကြောင့် လည်းကောင်းမသိခြင်းကြောင့်လည်းကောင်းတရား ကိုလွန်ကျူး၍ ကျင့်သောသူ၏ အခြံအရံ အကျော် အစောသည် လဆုတ်ပက္ခ လကဲ့သို့တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။ သူကြွယ်သား ချစ်ခြင်းကြောင့်လည်းကောင်း မုန်း ခြင်းကြောင့်လည်းကောင်း ကြောက်ခြင်းကြောင့် လည်းကောင်း မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ မကျင့်သောသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခလကဲ့သို့ တစ် နေ့တစ်ခြား ပြည့်စုံ၏။ စည်းစိမ်ပျက်ကြောင်း ခြောက်ပါး အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ကို မမှီဝဲသနည်းဟူမူကား ၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက် ကြောင်းတည်း။ ၂။ အချိန်အခါမဲ့ ညအခါ၌ ခရီးသွားလာလေ့ရှိခြင်း သည် စည်းစိမ်ပျက်ကြောင်းတည်း။ ၃။ ပွဲလမ်းသဘင် ကြည့်ရှု့လေ့ရှိခြင်းသည်စည်းစိမ် ပျက်ကြောင်းတည်း။ ၄။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။ ၅။ မကောင်းသော အဆွေခင်ပွန်းတို့နှင့်ပေါင်းသင်း လေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။ ၆။ ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်း တည်း။ အရပ်ခြောက်ပါး အမိအဘတို့သည် အရှေ့အရပ်မည်ကုန်၏။ ဆရာတို့သည် တောင်အရပ်မည်ကုန်၏။ သားမယားတို့သည် အနောက်အရပ်မည်ကုန်၏။ အဆွေခင်ပွန်းတို့သည် မြောက်အရပ်မည်ကုန်၏။ အစေအပါးအလုပ်သမားတို့သည် အောက်အရပ် မည်ကုန်၏။ သမဏဗြဟ္မဏတို့သည် အထက် အရပ်မည်ကုန်၏။ အိမ်ကို အုပ်စိုးသော အမျိုးကောင်းသားသည် ဤအရပ်ခြောက်ပါးတို့ကို ရှိခိုးရာ၏။ ကျော်စောသတင်းပျံ့သင်းကြောင်းတရား အကြင်သူသည် အရပ်မျက်နှာတို့ကိုရှိခိုးခြင်း၌ အလိမ္မာရှိ၏။ သီလနှင့်ပြည့်စုံ၏။ သိမ်မွေ့နက်နဲ သော ဉာဏ်ပညာရှိ၏။ နှိမ့်ချခြင်းရှိ၏။ ခက်ထန် ခြင်းမရှိ။ ထိုဂုဏ်အင်္ဂါနှင့်ပြည့်စုံသောသူသည် အကျော်အစောကို ရ၏။ အကြင်သူသည် ထကြွလုံ့လရှိ၏။ ပျင်းရိခြင်းမရှိ။ ဘေးရန်ဖြစ်လျှင် မတုန်လှုပ်။ မပြတ်အားထုတ် အပ်သော အသက်မွေးမှုရှိ၏။ အရာအားလျော်စွာ သိတတ်သော ပညာရှိ၏။ ထိုသို့သော သူသည် အကျော်အစောကို ရ၏။ အကြင်သူသည် ချီးမြှောက်တတ်၏။ အဆွေခင်ပွန်း ကောင်းကို ရှာတတ်၏။ ကျေးဇူးတရားကို သိတတ် ၏။ ၀န်တိုမှုမရှိ။ အကျိုးဆောင်တတ်၏။ အကြောင်း ပြ၍ ဆုံးမတတ်၏။ ခေါင်းဆောင်တတ်၏။ ထိုသို့ သော သဘောရှိသူသည် အကျော်အစောကိုရ သည်။ သင်္ဂဟတရားလေးပါး ကျင့်ဝတ်တရားတို့၌ ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ် သော စကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင် ခြင်း၊ ကိစ္စအားလျော်စွာ မိမိနှင့် ထပ်တူညီမျှဆက်ဆံ ခြင်းဟူသော ကျင့်ဝတ်တရားတို့သည် ရှိကုန်၏။ ထိုထိုပုဂ္ဂိုလ်၌ ထိုက်သည့်အားလျော်စွာ ထိုသင်္ဂဟ တို့သည် ဤလောက၌ သွားနေရသော ရထား၏ နားစောင့်ကဲ့သို့ ဖြစ်ကုန်၏။ သင်္ဂဟတရားမဲ့က အကျိုးမရ လောက၌ ထိုသင်္ဂဟတရားတို့သည် အကယ်၍မရှိ ကုန်အံ့။ အမိသည် သားပြုအပ်သော မြတ်နိုးခြင်း ကိုသော် လည်းကောင်း၊ ပူဇော်ခြင်းကိုသော်လည်း ကောင်း မရရာ။ အဘသည် သားပြုအပ်သောမြတ် နိုးခြင်းကိုသော်လည်းကောင်း၊ ပူဇော်ခြင်းကိုသော် လည်းကောင်းမရနိုင်ရာ။ ထိုသင်္ဂဟတရားတို့ကို ပြုအပ်၏ဟု ပညာရှိတို့မှတ် ယူကုန်သောကြောင့် ကြီးမြတ်သည့်အဖြစ်သို့ရောက် ကုန်၏။ ချီးမွှန်းလည်း ချီးမွန်းထိုက်ကုန်၏။ သိင်္ဂါလလုင် သရဏဂုံတည် ဥပါသကာဖြစ်ခြင်း ဤသို့မြတ်စွာဘုရား ဟောကြားတော်မူပြီးသောအခါ သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအားဤ စကားကို လျှောက်ထား၏။ အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အရှင်ဘုရား ဥပမာသော်ကား မှောက်ထား သည်ကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်း ထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကိုဖြင်ကြ ရလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာ လျှင် မြတ်စွာဘုရားသည် များစွာသောအကြောင်း တို့ဖြင့် တရားတော်ကို ပြတော်မူပါပေ၏။ အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော်ကိုလည်းကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ် ကို ယနေ့မှစ၍ အသက်ထက်ဆုံး ဘုရား တရား သံဃာ ကို ကိုးကွယ်ဆည်းကပ်တတ်သော သပါသကာဟုမှတ် တော်မူပါဟူ၍ လျှောက်ထားလေသတည်း။ မှတ်ချက် ။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ အကျဉ်းဖော်ပြသည်

No comments:

Post a Comment