ပြည်တွင်း ရှိ ပုဂ္ဂလိ က ဘဏ် များ Master Card ထုတ်လုပ် ရန် အတွက် ဗဟိုဘဏ် က ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း ၁၀.၁၀.၂၀၁၃ ရက် တွင် သိရ သည်။ အဆိုပါ လုပ်ငန်း စဉ် အတွက် သမဝါယမ ဘဏ် လီမိတက် က ပထမ ဆုံး ရရှိ ထားပြီ ဖြစ်ကြောင်း သိရ သည်။ သမဝါယမ ဘဏ် လီမိတက် မှ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်လင်း က “ဗဟို ဘဏ် က ကျွန်တော် တို့ကို မာစတာ ကတ် ထုတ်လုပ် ဖို့ အတွက် ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်၊ ကျွန်တော် တို့ က ပထမ ဆုံး ဖြစ်ပါ တယ်၊ ဒီတော့ ကျွန်တော် တို့ ရဲ့ ကတ် လုံခြုံရေး ကို အကောင်း ဆုံး ဆောင်ရွက် ထားပါ တယ်၊ အခု ထုတ်တဲ့ မာစတာ ကတ် က အွန်လိုင်း ဈေးဝယ် စနစ် ကို အသုံးပြု နိုင်သလို နိုင်ငံခြား ကို ခရီးသွား တဲ့ အခါမှာ လည်း ယူဆောင် သွားနိုင် မှာ ဖြစ်ပါ တယ်၊ ဒါပေမယ့် ပြည်တွင်း မှာ တော့ ဒီကတ် ကို အသုံးပြု လို့ မရ ပါဘူး” ဟု ပြောကြား သည်။
သမဝါယမ ဘဏ် လီမိတက် အနေ ဖြင့် မာစတာ ကတ် ကို ထုတ်လုပ် ခွင့် ရရှိရန် အချိန် အတော်ကြာ စောင့်ဆိုင်း ခဲ့ရပြီး ယခု အချိန် အတွင်း ပထမဆုံး အကြိမ် ခွင့်ပြုချက် ရရှိ ခဲ့သည့် ဘဏ် လည်း ဖြစ်ကာ ပြည်ပ ရှိ မာစတာ ကတ် ကုမ္ပဏီ နှင့် ပူးပေါင်း ပြီး ကတ်ထုတ် လုပ် ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ရှိ အခြား ပုဂ္ဂလိ က ဘဏ်များ က လည်း မာစတာ ကတ် ထုတ်လုပ် ခွင့် ရရှိရေး အတွက် ဆောင်ရွက် နေပြီး ပြည်တွင်း ၌ ပထမ ဆုံး စတင် ထုတ် ခွင့်ပေး သည့် မာစတာ ကတ် တွင် အနည်း ဆုံး အမေရိကန် ဒေါ်လာ ငါးဆယ် မှ အများဆုံး အမေရိကန် ဒေါ်လာ ငါးထောင် နှင့် ညီမျှ သည့် မြန်မာ ကျပ်ငွေ ကို ထည့်သွင်း သုံးစွဲ ခွင့် ဗဟိုဘဏ် က ခွင့်ပြု ပေးထား ခြင်း ဖြစ်ကြောင်း သိရ သည်။
ပြည်တွင်း ၌ ထုတ်လုပ် သည့် ယင်း မာစတာ ကတ် ကို နိုင်ငံ ပေါင်း ၂၁၀ ကျော် သို့ ယူဆောင် အသုံး ပြုခွင့် ရရှိမည် ဖြစ်ပြီး ကတ်၏ သက်တမ်း ကို ငါးနှစ် သတ်မှတ် ပေးထား ကြောင်း သိရ သည်။ ပြည်တွင်း ၌ အသုံးပြု နေသည့် ကတ်စနစ် သည် မိမိဘဏ် အကောင့် ထဲ တွင် ငွေရှိ မှ သာ ထုတ်ယူ သုံးစွဲ နိုင်သည့် debit card အမျိုး အစား ဖြစ်ပြီး အကြွေး ဝယ် ကတ် အမျိုး အစား ဖြစ်သည့် credit card ကိုပါ ထုတ်လုပ် ရန် အတွက် ပုဂ္ဂလိ က ဘဏ်များ စိတ်ဝင်စား နေကြ ကြောင်း သိရသည်။
ပြည်မြန်မာ
Also Credit to Golden Land Myanmar
No comments:
Post a Comment