Friday, October 18, 2013

အိုင်ဖုန်းဝယ်ဖို့မိမိရင်သွေးကိုရောင်းစားသတဲ့


ပြောမယုံကြုံဖူးမှသိဆိုသလိုပဲ မယုံမရှိနဲ့ခင်ဗျ အထက်ပါပုံမှာပြထားတဲ့အတိုင်း အိုင်ဖုန်း 5s ၀ယ်ဖို့အတွက်
တရုတ်နိုင်ငံက လင်မယားနှစ်ယောက်ဟာ မိမိရဲ့ရင်သွေးသမီးငယ်ကိုတစ်ကယ်ရောင်းခဲ့တာပါ။   တရုတ်စုံ
တွဲဖြစ်တဲ့ Miss Zhang and Mr Teng လို့ပဲဖော်ပြထားတဲ့ အဲဒီစုံတွဲဟာ သတင်းစာမှာ   သူတို့ရဲ့ကလေး
ငယ်နဲ့အိုင်ဖုန်း 5s လဲလှယ်လို့တဲ့ပုံစံ သို့မဟုတ် ပေါင်ငွေ ၅ ထောင်နဲ့ရောင်းလိုတဲ့အဓိပ္ပါယ်သက်ရောက်
တဲ့ကြော်ငြာတစ်ခုထည့်သွင်းခဲ့တယ်လို့သိရပါတယ်။

ရှန်ဟိုင်းရဲတွေဟာ အဆိုပါစုံတွဲကို ကလေးငယ်ရောင်းချရငွေ လက်ခံပြီးနောက်များမကြာခင်အချိန်မှာပဲ လူကုန်ကူးမှုနဲ့ဖမ်းဆီးခဲ့ တယ်လို့သိရပါတယ်။ အဲလိုရောင်းချချိန်မှာ ကလေးငယ်ဟာ အိမ်မှာပဲမွေးဖွား
ထားတဲ့ လက္ခဏာရှိပြီး တစ်ပတ် သို့မဟုတ် တစ်လသားလောက်ပဲရှိဦးမယ်လို့ ခန့်မှန်းရပါတယ်။



အဲဒီတရုတ်စုံတွဲဟာ ငွေလက်ခံရရှိပြီးမကြာ မီသူတို့ဘဏ်ထဲကို စရန်ငွေ အနည်းငယ်ထည့်ပြီးတာနဲ့ တစ်
ပြိုင်နက်တည်း အိုင်ဖုန်း 5s ကိုပြေးဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီစုံတွဲမှာ အခြားကလေး ၂ ယောက်
လည်းရှိခဲ့ဘူးပြီး ယခုလိုပဲ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများ ၀ယ်ယူသုံးစွဲဖို့ရာ ရောင်းစားခဲ့တယ်လို့သိရပါတယ်။

သူတို့ရဲ့ကလေးရောင်းစားမှုတွေကို ဖုံးဖိလိမ်လည်နိုင်ဖို့ရာအတွက် ကလေးကိုယ်ဝန်ကို အသားပိုလုံးဖြစ်
ကြောင်းအိမ်နီးနားချင်းများကို လိမ်လည်လှည့်ဖျားပြောဆိုခဲ့ပါသတဲ့။ ဘာပဲဖြစ်ဖြစ် အိုင်းဖုန်းကိုင်ချင်လို့
ကိုယ့်ကလေးကို ရောင်းစားတဲ့ ဒီစုံတွဲကတော့ ထောင်နှစ်ရှည်လများကျခံရဖို့စောင့်ဆိုင်းနေရပြီဖြစ်
ပါတယ်ခင်ဗျား။ကဲယုံချင်ယုံမယုံချင်နေ အိုင်ဖုန်း 5s ကိုင်ချင်တာနဲ့ပဲ ကိုယ့်ရင်သွေးကိုယ်ရောင်းစားတဲ့ လူမျိုးကလည်းရှိတာအမှန်ပါပဲဗျာ။

ဖတ်ရှုအားပေးမှုများကိုအထူးကျေးဇူးတင်ရှိပါကြောင်း ။

Ref : dailymai.co.uk

No comments:

Post a Comment