ဆိုတာ ပြောပြနေပါတယ်။ ဖုန်းအင်တာဗျူး လုပ်တယ်ဆိုရင်တော့ လူကိုယ်တိုင်မတွေ့ခင်မှာ သင့်ကို အကြမ်းဖျင်းစစ်ဆေးတယ်လို့ ဆိုနိုင်ပါတယ်။
၁။ ဒီအလုပ်ကို ဆုပ်ကိုင်ထားနိုင်ဖို့က သင့်တာဝန်ပါ။
သင့်လို လုပ်ရည်ကိုင်ရည်ရှိတဲ့လူမျိုးကို သူတို့ လိုချင်တဲ့ အတွက် သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်ထဲက သင့်ကို အင်တာဗျူးဖို့အတွက် ပေးထားတာပါ။ သင့်အတွက် စိန်ခေါ်မှုကတော့ သူတို့ စိတ်ကို မပြောင်းမိဖို့ပါပဲ။
၂။ အလုပ်ရှင်က သူတိုလိုချင်တဲ့ လူတစ်ယောက်အဖြစ် သင့်ကိုမြင်ချင်ပါတယ်။
သူတို့ရှာနေတဲ့ အရည်အချင်းမျိုး ရှိတဲ့ သင့်ကို အလုပ်ပေးချင်နေတဲ့ အလုပ်ရှင်က အင်တာဗျူးမှာ ဘာလုပ်မယ်ထင်သလဲ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သူတို့ အလုပ်နဲ့ သင်က တကယ်ပဲ သင့်တော်ရဲ့လား ဆိုတာ သူတို့သိချင်နေပါတယ်။ သူတို့သင့်ကို အလုပ်ခန့်လိုက်တာနဲ့ အလုပ်မှာ သင့်ကို အမြဲစကားပြော ဆက်ဆံရတော့မယ်။ သူ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရတဲ့ အချိန်ထက်တောင် သင်နဲ့ တွေ့ရမယ့် အချိန်က များနေပါတယ်။ ဒါကြောင့် သူတို့ ဒီလိုလုပ်တာဟာ ဖြစ်သင့်ပါတယ်။
သူမေးခွန်းကိုပဲ ပြန်မဖြေပဲ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးပြောဆိုပါ။ အင်တာဗျူးတဲ့ သူနဲ့ ရင်းနှီးမှုရယူပါ။
၃။ သင့်အသွင်အပြင်ကလည်း အရမ်းအရေးပါပါတယ်။
သင်အသွင်အပြင်ကလည်း သင်အလုပ်ရမရ ဆုံဖြတ်ပေးနေပါတယ်။ သင်သိပ်ပြီး ရိုးရိုးကြီး ၀တ်စားထားရင်လည်း သင်က အလုပ်နဲ့ ပတ်သက်ပြီး အလေးအနက်မရှိဘူး၊ ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုအရရော၊ အလုပ်ခန့်တဲ့ မန်နေဂျာ ရှုထောင့်အရရော ကိုယ်ပေါ်မှာ အပေါက်တွေ အများကြီးေ ဖာက်ထားတာတို့ ၊ မြင်သာတဲ့ ဆေးမင်ကြောင် ထိုးထားတာတို့၊ ထူးဆန်းတဲ့ ဆံပင်ပုံစံတွေဟာ မကောင်းနိုင်ပါဘူး။ ဒီအလုပ်နဲ့ မထိုက်တန်ဘူးလို့ ယူဆကောင်း ယူဆသွားနိုင်ပါတယ်။
ဒီတော့ ပုံမှန်ဝတ်ဆင်တာမျိုးမဟုတ်ဘဲ ပိုပြီး ရုံးပိုင်းဆန်တဲ့ အ၀တ်မျိုး ရွေးချယ်ပါ။
အင်တာဗျူးအချိန်ထက် ပိုပြီးစောရောက်နေပါစေ။ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံမျိုးဖြစ်နေပါစေ။
၎။ ဒီအလုပ်အတွက် စိတ်အားထက်သန်တဲ့ ပုံစံမျိုးဖြစ်နေပါစေ။
အလုပ်ရှင်တွေဟာ သူတို့ အလုပ်ပေါ်မှာ စိတ်အားထက်သန်မှုရှိတဲ့သူကို ပိုလိုချင်ပါတယ်။ ဒါပေမဲ့ သင်ရဲ့ စိတ်အားထက်သန်မှုဟာ အရမ်းကြီး လွန်ကဲသွားရင်လည်း သင်ကိုကြည့်ရဆိုးစေပြီး သင်ကို အလုပ်ပေးချင်တဲ့ စိတ်ကိုတောင် အားလျော့သွားစေနိုင်ပါတယ်။ ဥပမာ သင့်မှာ လက်ရှိအလုပ် ရှိနေတယ်ဆိုရင် အခု အလုပ်ရှင်ပေးတဲ့ အလုပ်ကို ချက်ချင်း လုပ်နိုင်ပါတယ်လို့ ပြောလိုက်မယ်ဆိုရင် သင့်အခွင့်အရေးကို ထိခိုက်သွားစေနိုင်ပါတယ်။ သင်ဟာ အရင်အလုပ်က တာဝန်ရှိသူတွေကို စနစ်တကျ အသိမပေး ဘဲဗြုန်းစားကြီး ထွက်ချင်တယ် လို့ ယူဆ သွားနိုင် ပါတယ်။
အလုပ်ရသွားရင် ကျေးဇူးတင်ကြောင်း အကြောင်းပြန်စာ ပို့တာေ ကာင်း တယ်လို့ ဆိုနိုင်ပေမဲ့ စောင်ရေအများကြီး ပို့ခြင်းအားဖြင့် သင့်အလုပ်ရှင်က သင်ဟာ ကူကယ်ရာမရှိတဲ့ လူတစ်ယောက်လို့ ထင်သွားကောင်း ထင်သွားစေနိုင်ပါတယ်။
၅။ ကြာမြင့်ချိန်က တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
အလုပ်ရဖို့ ကြာမြင့်တဲ့ အချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ သင့်ရဲ့ CV ကို ကြည့်ပြီးနောက် အလုပ်ရှင်ဟာ သင့်ကို အင်တာဗျူးခေါ်ဖို့၊ အလုပ်ခန့်ဖို့က အချိန်ကြိုက်သလောက်ယူနိုင်ပါတယ်။ အလုပ်ခန့်ဖို့အတွက် အချိန်ဟာ ကုမ္ပဏီရဲ့ ကိစ္စအမျိုးမျိုး ပေါ်မူတည်ပြီး ထင်ထားတာ ထက်တောင် ကြာသွားကောင်း ကြာသွားနိုင်ပါတယ်။ သင်ကိုအလုပ်ရှင်က ဒီလကုန် အဖြေပေးမယ်လို့ ပြောပေမယ့်လည်း တစ်လထက်ပိုပြီး အချိန်ကြာသွားနိုင်ပါတယ်။
ဒီလိုဆိုပေမဲ့လည်း သင့်ကို အရင်အလုပ်မှာ သင်လုပ်ခဲ့တဲ့ အလုပ်နမှုနာပုံစံကို မနက်ဖြန်ပို့ပေးပါလို့ တောင်းဆိုလာမယ်ဆိုရင်တော့ မနက်ဖြန်ပဲလုပ်ပေးလိုက်ပါ။ သင့်အနေနဲ့ကတော့ အချိန်မှန်ပြီး စကားတည်ဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့လည်း ချက်ခြင်းပြန်အဖြေမပေးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင်က အခြားကုမ္ပဏီတစ်ခုက ကမ်းလှမ်းမှုကို စောင့်နေတာပဲဖြစ်ဖြစ်၊ လက်ရှိကုမ္ပဏီက ပြန်လည်ညှိနှိုင်းတာကို စဉ်းစားနေတာပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ အဲဒါဟာ သင့်ကို ပယ်တဲ့စာရင်းထဲ ၀င်သွားစေနိုင်ပါတယ်။ အလုပ်ရှင်တွေ အနေနဲ့ တကယ် လိုအပ်လို့သာ သင့်ကို ကမ်းလှမ်းတာဖြစ်လို့ သူတို့ သင့်ကို မစောင့်နေနိုင်ပါဘူး။
Orgnima
Credit to Wytu Therlay (facebook)
No comments:
Post a Comment