မင်္ဂလာပါခင်ဗျား
ယနေ့တင်ပြပေးသွားမှာကတော့ စေတနာအကျိုးပေးတယ်ဆိုရမလား မသိပါဘူး၊ မုဒိန်းသမားတယောက်
ဟာ သူမုဒိန်းပြုကျင့်ခဲ့တဲ့ အမျိုးသမီးထံကနေကုရာနထ္ထိဆေးမရှိသေးတဲ့ HIV ရောဂါပိုးကူးစက်ခဲ့တဲ့သတင်း
ပဲဖြစ်ပါတယ်။
အင်္ဂလန်မှာဖြစ်ပွားခဲ့တာပါ၊ မုဒိန်းသမားရဲ့နာမည်ကတော့ ရစ်ချက်သောမတ်စ် ဖြစ်ပါတယ်။ ပြီးခဲ့အပတ်က
ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အရ သူဟာ ထောင်ဒဏ် ၅ နှစ်နဲ့ ၄ လကျခံရမှာဖြစ်ပါတယ်။ သူ့အမှုဖြစ်စဉ်အရ သူ
ဟာ အဲဒီညသန်းခေါင်ယံအချိန်မှာ အရက်အလွန်အကျွံသောက်စားထားပြီး ကိုကင်းအပါအ၀င်အခြားမူးယစ်
ဆေးဝါးများလည်းမှီဝဲခဲ့ပြီး လူမှန်းမသိအောင်ဖြစ်နေခဲလို့အဲဒီအဖြစ်အပျက်ကို မမှတ်မိဘူးလို့ သောမတ်စ်
ကပြောပါတယ်။
ကာယကံရှင်အမျိုးသမီးကတော့ ဒီလူဟာသူမအိပ်ပျော်နေတုန်း အိမ်ထဲကို မမျှော်လင့်ဘဲ ရောက်လာခဲ့ပြီး
သူမကို သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ဆိုပါတယ်။ သူမဟာ HIV ကူးစက်ခံထားရပါတယ်လို့လည်း
ပြောခဲ့ပါတယ်။
ယခုတစ်ပတ် ထောင်အတွင်းမှာ ရဲက သောမတ်စ် ကို ဆေးစစ်ချက်အဖြေပြောပြလိုက်တဲ့အခါ သောမတ်စ်
တစ်ယောက်ပုံလျက်သားတောင်လဲကျသွားတယ်လို့ဆိုပါတယ်။ အဖြေကတော့ဖြင့် သောမတ်စ်မှာ သူသား
မယားအဖြစ်ပြုကျင့်ခဲ့တဲ့ အမျိုးသမီးထံမှတဆင့် HIV ကူးစက်နေပြီဆိုတဲ့ အဖြေပဲဖြစ်ပါကြောင်းတင်ပြရင်း
နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
Photo-Dailymail.co.uk & News from Huffinton Post.
No comments:
Post a Comment