Saturday, August 3, 2013

မြောက်ကိုရီးယားထုတ် Tablet




မြောက်ကိုရီးယားမှာ Tablet (ကျောက်သင်ပုန်း ကွန်ပြူတာ) ထုတ်လုပ် နိုင်မယ် လို့တော်တော်များများက မယုံကြည်ကြ ပါဘူး။ 

သို့ပေမယ့် တကယ် ထုတ်နိုင်ပါတယ်။ 

ပြုမ်းယမ်းမြို့ ကို အလည်တစ်ခေါက်ရောက်တဲ့ နိုင်ငံခြား ခရီးသွား တစ်ဦးက ဝယ်ယူပြီး စမ်းသပ်လို့ ဗီဒီယိုဖိုင်ကို မိတ်ဆွေဆီ 

ပို့ပေးလိုက်ပါတယ်။ ဒါကြောင် မြောက်ကိုရီးယားက Tablet ထုတ်နိုင်ကြောင်း အားလုံး သိရှိ သွားစေ ခဲ့ပါတယ်။

သို့သော်လည်း ဝမ်းနည်းစရာပဲလား၊ ဝမ်းသာစရာပဲလားတော့ မသိ အဲ့ဒီ Tablet ကို နိုင်ငံပြင်ပ သယ်သွားခွင့် မရှိပါဘူး။ ပြီးတော့ 


သူ့မှာ ပါဝင်တဲ့ Feature တွေကလည်း အနောက်ပိုင်းက မြင်နေကျ Tablet တွေနဲ့ သိသိ သာသာကို ကွဲပြားနေပါတယ်။ Processor 

ကတော့ 1.2 GHz ရှိပါတယ်။ ဒီတော့ Samsung Galaxy Tab 2 နဲ့ iPad 2 တွေထက် သီအိုရီအရ လုပ်ဆောင်ချက် 

မြန်ဆန်တယ်လို့ မှတ်ယူလို့ရပါတယ်။

Isolated ဖြစ်တဲ့ နိုင်ငံတစ်ခုမှာ အသုံးပြုရမယ့် သူ့ Tablet က ထူးခြား ပါတယ်။ အင်တာနက် အသုံးပြုလို့ရဖို့အတွက်၊ တီဗီ 


ကြည့်ဖို့အတွက် Antenna ကို သက်သက်ဝယ်ရမှာပါ။ ဒါတောင် မြောက်ကိုရီးယားက ကြည့်ရှု ခွင့်ပေးတဲ့ ဆိုဒ်တွေ၊ လိုင်းတွေကိုပဲ 

ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ Android Tablet ဖြစ်ပါတယ်။

ဒီတော့ Android ဂိမ်းတွေဆော့လို့ရပါတယ်။ သို့ပေမယ့် ဒါကလည်း အကန့် အသတ်နဲ့ပါ။ Angry Bird Rio နဲ့ အခြား Tank Recon 


3D စစ်ဂိမ်း နဲ့ Field Runner တို့လို ဂိမ်းတွေကိုလည်း ဆော့လို့ ရပါတယ်။

သူ့မှာ ပါဝင်တဲ့ Feature အစုံအလင် ဘယ်လိုရှိမယ်ဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့ ခန့်မှန်းလို့ မရပါဘူး။ အရွယ်အစားကတော့ iPad 


mini လောက်ပဲ ရှိပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် အသုံးပြုနေတဲ့ Tablet လည်းဖြစ်ကြောင်း သိရပါတယ်။

Tablet စမ်းသပ်ပြသမှု ဗီဒီယိုကြည့်ရှုရန် -

http://youtu.be/awtOQXz_8Dc

Aung Kham (TSJ team)


TechSpace Journal

No comments:

Post a Comment