Sunday, August 18, 2013

MICROSOFT TOUCH SCREEN FOR ANY SURFACE


Microsoft ရဲ့ဘယ်မျက်နှာပြင်ကို မဆို touch screen အဖြစ် ပြောင်းလဲ အသုံးပြုလို့ ရမယ့် software တစ်မျိုးကို ဈေး ကွက် ထဲ စတင် ပို့ဆောင် တော့မှာပါ။
Microsoft က 'touch screen' တစ်မျိုးကို စတင် ရောင်းချ တော့မှာပါ။ နံရံ၊ စားပွဲ၊ ကြမ်းပြင် ဘယ်မျက်နှာ ပြင် ကိုမဆို interactive touch screen အဖြစ် ပြောင်းလဲလို့ ရမယ့် နည်းပညာ တစ်မျိုးကို တီထွင် နေတာ နှစ်ပေါင်း မနည်း ကြာခဲ့ပါပြီ။ အခုတော့ လူတိုင်းကဒီ software ကြောင့် ဘယ်မျက်နှာ ပြင် ကိုမဆို လက်နဲ့ ကိုင်တွယ် အသုံးပြု နိုင်ပါပြီ။

နံရံကို touch-screen ကွန်ပြူတာ အဖြစ် အသွင်ပြောင်း လိုက်ရင် ဘာတွေ အသုံးဝင် လာမလဲ။ ဆရာတွေ အတွက် ကျောင်းသား တွေကို သင်ကြား ပို့ချတဲ့ နေရာမှာ အသုံးဝင် သလို ဆိုင်တွေမှာ ပစ္စည်းနဲ့ ပတ်သက်တဲ့ အချက် အလက် တွေပေးတဲ့ နေရာမှာ အသုံးပြု နိုင်ပါတယ်။ Angry Birds နဲ့ Fruit Ninja တို့လို interactive game တွေကစားရာမှာ ပိုပျော်ဖို့ ကောင်းလာ မှာပါ။ အရင်က Ubi က Microsoft Kinect for Windows sensor နဲ့ prototype တစ်ခု တီထွင် ခဲ့ဖူးပါတယ်။ ဒီနည်းပညာက အခုတော့ အမှန် တကယ် ဖြစ်လာပြီး စတင် ရောင်းချ တော့မှာပါ။ အင်္ဂါနေ့က Microsoft က Ubi ကဒီ software ကိုအဖွဲ့အစည်းပေါင်း ၅၀လောက်နဲ့ လက်တွဲပြီး ဆောင်ရွက် နေပြီး အခုဆို အမှာစာတွေ စတင် လက်ခံ နေပါပြီ။

Ubi ရဲ့ပူးတွဲ တည်ထောင်သူနဲ့ CEO Anup Chathoth ကလူတွေ ဘယ်နေရာပဲ ရောက်နေနေ လက်တစ်ချောင်း ကို လှုပ်ရှား လိုက်ရုံနဲ့ အချက် အလက်တွေ ရနိုင်မယ့် အရာမျိုးကို လိုချင် နေခဲ့တာပါ။ ဒါကို ရဖို့ဆိုရင် မျက်နှာပြင် တိုင်းကို touch screen အဖြစ် ပြောင်းလဲ ပစ်လိုက်ရင် ဖြစ်နိုင် ပါတယ်။ screen hardware တစ်ခု မလိုအပ် ခဲ့ရင် ကုန်ကျစရိတ် တွေကို ချုံ့နိုင်ပြီး အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတိုင်းကို display အဖြစ် ပြောင်းလဲနိုင် ခဲ့မယ်ဆိုရင် interactive displays တွေအသုံးပြု နိုင်မယ့် အခွင့်အရေး ပိုများ လာမယ်လို့ ဆိုပါတယ်။ အသုံးပြုသူရဲ့ လှုပ်ရှားမှု တွေကို Kinect sensor ကတဆင့် ဖမ်းယူပြီး samrtphone နဲ့ tablet တွေလိုမျိုးပဲ ထိတွေ့ခြင်းနဲ့ အလုပ်လုပ် နိုင်အောင် ပြုလုပ် ထားတာပါ။ Kinect system က Windows touch-screen interface နဲ့ကောင်းကောင်း အလုပ်လုပ် ပါတယ်။ icon တွေကို နှိပ်လိုက်လို့ ရမယ်။ ဓာတ်ပုံတွေကို multitouch နဲ့ချုံ့၊ချဲ့လို့ ရပါမယ်။

Kinect ရဲ့ 3D mapping ကြောင့်အသုံးပြု သူဟာ full click လုပ်လိုက်တာလား၊ ဒါမှမဟုတ် screen ပေါ်မှာ ဒီတိုင်း လှုပ်ရှားလိုက် သလားဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် လှုပ်ရှားမှု တိုင်းမှာ items တွေကို ပြန်ရွေး စရာ မလိုဘဲ အသုံးပြုသူက စာရွက် လှန်တာပဲ ဖြစ်ဖြစ်၊ အပေါ်အောက် scroll လုပ်တာ တွေပဲ ဖြစ်ဖြစ် ပြုလုပ်လို့ ရမှာပါ။ ဒီစနစ်နဲ့ အလုပ်လုပ် ချင်တယ် ဆိုရင် Ubi software ရှိတဲ့ ကွန်ပြူတာ တစ်လုံး၊ projector နဲ့ Kinect for Windows sensor တွေလိုအပ် ပါတယ်။ Ubi software က package လေးမျိုးနဲ့ လာတာ ဖြစ်ပြီး Basic ဆို $149 Enterprise ဆို $1499 စသဖြင့် ဈေးတွေ ရှိပါတယ်။ Kinect for Windows sensor က $250 ရှိပါတယ်။

By MYMC
သတင်းချစ်သူဝေဟင်ဖေ့ဘုတ်မှဖြစ်ပါသည်။

No comments:

Post a Comment