Tuesday, August 13, 2013

HTC One ဖုန်းတွင်မြန်မာသတင်းစာနှင့်ဂျာနယ်အချို့အား default အဖြစ်ထည့်သွင်းထား


Internet Journal, 7 Day Daily, Planet Myanmar, Eleven News, Soccer Myanmar တို့အား Default အနေဖြင့် ထည့်သွင်းထားခြင်း ဖြစ်ကြောင်းသိရသည်။ “ HTC One ရဲ့ Home Screen မှာ News တွေ တက်လာမှာ ဖြစ်ပါတယ်။ ဖတ်ချင်တယ်ဆိုရင် ကလစ်နှိပ်ရုံပဲ အရင်က Application တစ်ခု ရှိခဲ့ဖူးတယ်။ သူက သတင်းအတိုလေးတွေပဲ ဖော်ပြတယ်။

 HTC One မှာကျတော့ သတင်းအပြည့်အစုံ (Full Story)ကို ဖော်ပြမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မီဒီယာ တစ်ခုချင်းစီကိုလည်း ရွေးချယ်ပြီး ဖတ်လို့ရတယ်” ဟု KMD Computer Group ၏ Deputy General Manager ကိုစိုးငွေရက ပြောသည်။ ထိုကဲ့သို့ မြန်မာသတင်းစာနှင့် ဂျာနယ်အချို့အား HTC One တွင် ထည့်သွင်းအသုံးပြုရန် သက်ဆိုင်ရာ မီဒီယာအသီးသီးနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။ “


သတင်းတွေကို ဖတ်ဖို့ အင်တာနက် ကော်နက်ရှင် ရှိရမှာဖြစ်ပေမယ့် ကော်နက်ရှင် အရမ်းမြန်ဖို့ မလိုပါဘူး” ဟု ကိုစိုးငွေရက ဆက်လက်ပြောကြားသည်။ သတင်းဌာန၏ Website ပေါ်တွင် တင်သမျှ သတင်းများကို HTC One ဘက်မှ Feed လုပ်ထားခြင်း ဖြစ်၍ Website ပေါ်တွင် သတင်းတက်သည်နှင့် တစ်ပြိုင်နက် ၎င်းဖုန်းပေါ်တွင်လည်း သတင်းတက်မည်ဖြစ်ကြောင်း Planet Myanmar မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

 HTC One ဖုန်းပေါ်တွင် Planet Myanmar ၏ သတင်းများကို လွှင့်တင်ခြင်းမှာ ဇူလိုင်လ ၁၈ ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။ မြန်မာသတင်းစာနှင့် ဂျာနယ်အချို့အပြင် နိုင်ငံခြား သတင်းဌာန သတင်းများကိုလည်း ဖတ်ရှုနိုင်ကြောင်း စုစုပေါင်း သတင်းမီဒီယာ ၂၂ ခုရှိကြောင်း ကိုစိုးငွေရက ပြောသည်။ လက်ရှိပြည်တွင်း၌ HTC One အသုံးပြုပြီး မြန်မာသတင်းစာနှင့် ဂျာနယ်များ ဖတ်ရှုမှုတွင် 7 Day Daily ကို ဖတ်ရှုသူများပြားကြောင်း အသုံးပြုသူတစ်ဦးက ပြောသည်။

 အဆိုပါ ဖုန်းအား TV Remote ပုံစံ အသုံးပြုကာ ရုပ်သံလိုင်းများ ရွေး ချယ်ခြင်း၊ စိတ်ကြိုက် အစီအစဉ်များ မှတ်သားနိုင်ခြင်း၊ အသံချိန်ထားနိုင်ခြင်းအား အကြိုက်နှစ်သက်ဆုံး ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ HTC One အသုံးပြုသူ တစ်ဦးက အွန်လိုင်းမှ ပြောကြားသည်။

Credit to Internet Journal

No comments:

Post a Comment