နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့ ရာမှ အပြင်ဘက်ကမ္ဘာကို မြန်မာကတံခါးဖွင့်လိုက်သောအခါတွင် နှစ်ပေါင်း ၅၀ လောက် လူမသိသူမသိဖြစ်နေသော မြန်မာပြည်က စားစရာများကို နိုင်ငံတကာခရီးသွား
များက ရှာဖွေတွေ့ ရှိခဲ့ သည်ဟု အမေရိကန် စီအန်အန် ရုပ်မြင်သံကြားအစီအစဉ်က တင်ပြစီစဉ်တင်
ဆက်ခဲ့ ပါသည်။
ချိုချဉ်ငန်စပ်အရသာများပါဝင်သောမြန်မာဟင်းများသည် အရှေ့တောင်အာရှနှင့်တောင်အာရှ အစားအသောက်များ၏ လွှမ်းမိုးမှုပါဝင်ပြီး တချို့ ဟင်းခတ်ပစ္စည်းကမှု မည့်သည့်ဟင်းများတွင်မှ မတွေ့

ရသောဟင်းများဖြစ်သည်ဟု စီအန်အန် ရုပ်သံအစားအစာသတင်းတင်ဆက်သူ က ဆိုပါသည်.
အရှေ့ တောင်အာရှက စားသောက်ဆိုင်အများစုကဲ့ သို့ မြန်မာစားသောက်ဆိုင်နှင့် လမ်းဘေးဆိုင်များက ဟင်းတမျိုးတည်း သို့မဟုတ် ဟင်းမျိးစုံတည်ခင်းသည့် ထမင်းဆိုင်ပုံစံရောင်းချကြသည်ဟု သူတို့ က မှတ်ချက်ပေးခဲ့ ပါသည်။
ထို့ အပြင် မြန်မာနိုင်ငံမှ အစားအသောက် ၁၀ မျိုးကို အရသာရှိပြီး နိုင်ငံတကာခရီးသွားတိုင်းစား

ကြည့်သင့်ကြောင်း အဆိုပြုထားပါသည်။
အဆိုပါဆယ်မျိုးမှာလဘက်သုတ် ၊ရှမ်းထမင်းနယ်( ငါးထမင်း။ အာလူးထမင်း)၊ မြန်မာထမင်းနှင့်ဟင်း၊ မြန်မာလဘက်ရည်ဆိုင်မုန့်များ၊မြန်မာမုန့်များ( ကောက်ညှင်းထုပ်၊ ထန်းသီးမုန်စသည့်မုန့်များ) ၊အကြော်စုံ၊ တို့ ဟူးနွေး၊နန်းကြီးသုတ်။ မုန့်ဟင်းခါးနှင့် ရှမ်းခေါက်ဆွဲများဖြစ်သည်ဟု စီအန်အန်ကတင်ပြသွားသည်။
ံ

H
Burma-Newselite မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment