ပဲခူးတိုင်း ဒေသကြီးအတွင်း မကြာမီ ဖွင့်လှစ်မည့် စက်ရုံများမှာ ဂျပန်ဂေါက်လက်အိတ်စက်ရုံ၊ တရုတ်အစာစပ်စက်ရုံ၊ ဟောင်ကောင် Sleeping Bag စက်ရုံ၊ ထိုင်ဝမ် အထည်ချုပ်စက်ရုံ၊ ဟောင်ကောင် အထည်ချုပ်စက်ရုံနှင့် Carlsberg ဘီယာစက်ရုံတို့ ဖြစ်ကြောင်း သိရသည်။
''ဂျပန်ဂေါက်လက်အိတ် စက်ရုံမှာ အလုပ်သမား ၂၅၀ ခန့် အလုပ်အကိုင် ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် ဟောင်ကောင် အထည်ချုပ်စက်ရုံ၊ ထိုင်ဝမ် အထည်ချုပ် စက်ရုံတို့မှာ စုစုပေါင်း အလုပ်သမား ၇၀၀၀ ကျော်ခန့် အလုပ်အကိုင် ရရှိမှာ ဖြစ်ပါတယ်'' ဟု ပဲခူးတိုင်း ဒေသကြီးမှ ၀န်ကြီးဒေါက်တာ ကျော်ဦးက ပြောကြားသည်။
ထို့အပြင် ကိုရီးယားမှ ရှူးဖိနပ်စက်ရုံ အထည်ချုပ်စက်ရုံ၊ Nike ဖိနပ်စက်ရုံ၊ အစာစပ်စက်ရုံ၊ မလေးရှား အိမ်သုတ်ဆေး စက်ရုံနှင့် နစ်ဆန်း ကားအပိုပစ္စည်း စက်ရုံတိုYမှာ ထပ်မံရင်းနှီး မြှုပ်နှံရန်အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းတွင် လူဦးရေ ခြောက်သန်း ကျော်ရှိပြီး အလုပ်လုပ်ကိုင်နေသည့် လုပ်သားဦးရေမှာ သုံးသိန်းနီးပါး ရှိကြောင်း သိရှိရပြီး နှစ်အလိုက် တစ်ဦးချင်း ၀င်ငွေမှာ ခြောက်သိန်းကျော်သာ ရှိကြောင်း ဒေါက်တာကျော်ဦးက ပြောကြားခဲ့သည်။
Eleven Media Group
Also Credit to Myanmar Online News facebook
No comments:
Post a Comment