တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ က ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း ၏ ပါဋိဘာသာလက်ရေးမုစာအုပ်အား အမျိုးသားလွှတ်တော်ဥက္ကဌ ဥိးခင်အောင်မြင့်မှ ရေးနံချေင်းမြို့မိ၊ မြို့ဖများနှင့်အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ပါဝင်သောအဖွဲ့အား အမျိုးသားလွှိတ်ာတော်ဧည့်ခန်းမဆောင်တွင် လွဲပြောင်းပေးအပ်ခဲ့သည်။
ယင်းအခမ်းအားသို့ အမျိုးသားလွှတ်တော်ဒုဥက္ကဌ ဦးမြငြိမ်းနှင့် အမျိုးသားလွှတ်တော်ကော်မတီ တာဝန်ရှိ ၁၅ ဦးတက်ရောက်ခဲ့သည်။
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖေဖေ့လက်ရေးမူစာအုပ်နဲ့ပါတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ရှင်းပြခဲ့တဲ့ သဘေားထားများကို သိရှိရတဲ့အတွက် ကွဲလွဲချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်လုံးက တစ်ဖက်နှင့်တဖက်အမြင်မဆောင်း ဘဲငြိမ်းချမ်းစွာဖြေရှင်းပြီး ကွဲလွဲချက်များကို ဆွေးနွေးတာတွေ့ရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။
နောက်တခုက ဒီစာအုပ်နဲ့ပတ်သက်ပြီး သမိုင်းအထောက်အထားပြုနိုင် ရန် လေ့လာမှုများ သိပံ္ပနည်းကျစမ်းသက်သုတေသနပြုလုပ် ရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် လေ့လာရန်လိုအပ်နေ တာကိုတွေ့ရတယ်၊
ကျောင်းအုပ်ဆရာမကြီးရဲ့တင်ပြချက်ကို အခြေခံပြီး
ဦးခင်အောင့်မြင့်ရှင်းပြတာကလဲ သူကိုယ် ယဉ်ကျေးမှုဝန်ကြီး ဌာနမှာ ၅ နှစ် တာဝန်ထမ်းဆောင် ခဲ့တဲ့အတွက် သမိုင်းဝင်ပစ္စည်း ပျက်စီးဆုံးရုံးသွားမှာကို ထိန်းသိန်းစောင့်ရှောက်ဘို့ ဥက္ကဌ ကြီးရဲ့အင်္ကြပြုချက်များဟာကောင်းမွန် တယ်ဟုမိမိယူဆပါတယ်ဟုပြောကြားခဲ့သည်။
Posted From Nyaung Kwel Nld Mandalay
Copy from Thit Htoo Lwin blog
No comments:
Post a Comment