မုံရွာမြို့၊ လာဘမုနိ လေးမျက်နှာဘုရားအနီးတွင် မီးလောင်သေဆုံးနေသော ရုပ်အလောင်းတစ်ခုတွေ့ရှိ
၈-၈-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်း၊ ဇောတိကကျောင်းတိုက်ဝင်းအရှေ့တောင်ထောင့်ရှိ လာဘမုနိ လေးမျက်နှာဘုရားအခြေ အရှေ့ဘက်တွင် ယာဘက်တင်ပါး၌ သင်္ကန်းအပိုင်းအစကပ်လျက် မီးလောင်ကျွမ်းထားသော ရုပ်ပျက်နေသည့်ခန္ဓာကိုယ်တစ်ခုအား မီးလောင်ကျွမ်းထားသော Alpine ရေသန့်ဗူးခွံတစ်လုံး၊ ဂက်စ်မီးခြစ် တစ်လုံး၊ အနီးတွင် တရားထိုင်ရန်ခေါက်ထားသောသင်္ကန်းနှင့် ဘုရားအတက်လှေကားတွင် အရိုးအသွား ၈ လက်မခန့်ရှိ သွေးစွန်းနေသောစတီးဓါးတစ်ချောင်းတို့နှင့်အတူ တွေ့ရှိကြောင်းသတင်းအရ မုံရွာ အမှတ်(၂)ရဲစခန်းမှတပ်ဖွဲ့များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မီးလောင်ကျွမ်းထားသော ခန္ဓာကိုယ်မှာ မြောင်မြို့နယ်၊
အုန္နဲကျေးရွာနေ ဒုတိယကမ္ဘာမြင့်ကျောင်းတိုက်မှ အရှင်သုန္ဒရ(၂၄)နှစ် (၄)၀ါဖြစ်ပြီး ၇-၈-၂၀၁၃ ရက်နေ့ ညတွင် ၎င်းင်းနှင့်အတူအိပ်သော နမ့်ဆန်မြို့နယ်၊ ကယားကျေးရွာနေ ကိုရင် ရှင်က၀ိဓဇ(ခ)မောင်ကျော်အုန်း(၁၂)နှစ်ထံ ““ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးတို့အား ဤသို့ မီးပူဇော်မှု ဒါနပါရမီဖြည့်ဆည်းခြင်းသည် သဗ္ဗညုတဉဏ်ရရှိဖို့အတွက် ပါရမီဖြည့်သည်သာဖြစ်၏””ဟု ပါရှိသော စာ(၂)မျက်နှာအားပေးအပ်ထားရှိခဲ့ပြီး ခန္ဓာကိုယ်အားမီးရှို့၍ ဘုရားမီးပူဇော်လိုသည်ဟု မကြာခဏပြောဆိုလေ့ရှိကြောင်း သိရှိခဲ့ရသည်။ အရှင်သုန္ဒရ၏ ရုပ်အလောင်းအား မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့အပ်၍ မှုခင်းဆရာဝန်ကြီးမှ ခွဲစိတ်စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာတွေ့ရှိခြင်းမရှိဘဲ ခန္ဓာကိုယ်မီးလောင်သေဆုံးခြင်းဖြစ်ကြောင်းသိရှိရပြီး မုံရွာအမှတ်(၂)ရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၃) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Cretid to ရဲဇာနည် ဖေ့ဘုတ်
No comments:
Post a Comment