![]() |
သတင်း-ဓါတ်ပုံများ The Voice Weekly |
အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဇိမ်ခံကားတစ်စီး (ပါဂျဲရိုး) သည် သြဂုတ်လ ၄ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ဆူးလေဘုရားလမ်းမပေါ်ရှိ ယောက်လမ်းမှတ်တိုင် အနီး ရထားဂုံးကျော် တံတားပေါ်မှ အရှိန်လွန်ပြီး ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းအမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။
သစ်ထူးလွင်မှတစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်
No comments:
Post a Comment