





ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်(၄)ရပ်ကွက်တွင် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ရေနစ်မြုပ်သော အိမ်ထောင်စု အရေအတွက်၏ (၃)ပုံ(၁)ပုံခန့်သာ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေပါသည်။ ကယ်ဆယ်ရေး စခန်းသို့ လာရောက်ရန် အခက်အခဲရှိသူ အိမ်ထောင်စုများမှာ အကူအညီများ လိုအပ်လျက်ရှိနေပါသည်။ စေတနာရှင်များမှ တက်စွမ်းသမျှ ဆန်နှင့်စားသောက်ဖွယ်ရာများ သွားရောက် ပေးအပ်၍ ကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။ ရေဘေးဒုက္ခသည်အိမ်ထောင်စုများ အားလုံး စာရင်းပေါက်၍ တန်းတူ အကူအညီများ လိုအပ်လျက်ရှိ ကြောင်းကြား သိရပါသည်။
မျှော်လင့်သူ(ကျုံဒိုး)
by Myanmar News Now
Also credit to သစ်ထူးလွင်
No comments:
Post a Comment