မရမ်းကုန်းမြို့နယ် ၊ အမှတ် (၄) ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းလမ်းရှိ ၊ အ-မ-က (၁၈) မရမ်းကုန်း
ကျောင်းဝင်းတောင်ဘက်ခြံစည်းရိုးအတွင်းရှိ နှစ် (၃၀) ခန့် ရှိလုံးပတ် (၁၀) ပေနှင့်အမြင့် (၄၀) ခန့်ရှိ
ညောင်ပင်ကြီးသည် ၂၂-၈-၂၀၁၃ ရက်နေ့ ည ၇း၃၀ အချိန်ခန့်ကမိုးအဆက်မပြတ်ရွားသွန်းမှုကြောင့်
ယင်းကို အမှတ်(၄) ရပ်ကွက်အရန် မီးသတ်တပ်ခွဲမှူးဦးသန်းနိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်
အမြစ်မှကျွတ်ထွက်ပြီး တအိအိဖြင့်လဲကျရာကျောင်းဝင်းကပ်လျက်လူနေအိမ် (၄) လုံးပေါ်သို့ပြိုလဲ
ခဲ့ကြောင်းသိရပါသည်။
ယင်းကို အမှတ်(၄) ရပ်ကွက်အရန် မီးသတ်တပ်ခွဲမှူးဦးသန်းနိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်
နိုင်၏ အကြောင်းကြားချက်အရ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မရမ်းကုန်းမီးသတ်စခန်းမှူး ရဲကျော်သူဦးစိုးနိုင်
ပါ မီးသတ်ယာဉ် (၂) စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်( ၁ရ) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်( ၃၀) ဦး၊ မြို့တော်စည်ပင်ပန်းဥယျာဉ်ဌာနမှ ၀န်ထမ်း (၁၅) ဦး အမှတ် (၄ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ (၂၅) ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးသန်းနိုင်ပါ (၁၀) ဦး စုစုပေါင်း အင်အား (၉၇)ဦးဖြင့်ရှင်းလင်းပေးခဲ့ကြောင်းသိရှိရပြီး။ ညနေ ၃း၀၀ နာရီတွင်ရှင်းလင်းပြီးစီးခဲ့ကြောင်းသိရှိရပါသည်။
အ.မ.က (၁၈) မရမ်းကုန်းကျောင်းအပါအ၀င် ပျက်စီးသောအိမ်များ၏စုစုပေါင်းခန့်မှန်းဆုံးရှုံးမှုမှာ ၉ သိန်းခွဲခန့်ရှိတယ်လို့လည်းကြားသိရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။
မှတ်တမ်းများပေးပို့သော စိုးအောင် ကိုအထူးကျေးဇူးတင်ရှိပါသည်။
မှတ်တမ်းများပေးပို့သော စိုးအောင် ကိုအထူးကျေးဇူးတင်ရှိပါသည်။
No comments:
Post a Comment