၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသားကုမ္ပဏီမှ လက်ဆောင် ပေးသည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ပါရှိသဖြင့် တာမွေမြို့ နယ် သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့ နာယက ဥက္ကဌ ဆရာတော် ထံသို့ အဆိုပါ လက်ဖက်ခြောက်ဗူး ပေါ် တွင် ရွှေတိ ဂုံစေတီ ပုံ ပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓ ဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း လျှောက်ထားခဲ့ရာ တိုင်း သံဃာ့နာယကဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှတဆင့် တာဝန်ရှိသူ အဆင့်ဆင့် ထံ သတင်းပို့စေ ခဲ့ ပါသည်။
၂၇.၈.၂၀၁၃ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်း သာသနာရေးဦးစီးမှူးရုံး၊ အ စည်း အဝေးခန်းမ၌ သာသနာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများမှ ဖူးရှင်းဘရားသား ကုမ္ပဏီအကြံပေး ဦးဇင်ဦး အား ခေါ်ယူ၍သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် စီးကရက်ဗူးပုံသဏ္ဍာန် လက်ဖက်ခြောက်ဗူး ငယ်များတွင် ရွှေတိဂုံစေတီတော်ပုံများရိုက်နှိပ်ထားပြီး ၎င်းဗူးငယ်(၉)ဗူးထည့်သည့် စက္ကူဗူးကြီးပေါ်နှင့် လက်ဆွဲအိတ် တို့ ပေါ်တွင် လည်း ရွှေတိဂုံစေတီတော်ပုံ (Logo) အမှတ်အသား များဖြင့် ကုန်အမှတ် တံဆိပ် အသုံးပြုထား သည့်အတွက် သံဃာတော်များနှင့် ဗုဒ္ဓဘာသာ ၀င် တို့၏ စိတ်နှလုံး မချမ်းမြေ့ ဖွယ်ရာ ခံစား ရသဖြင့် ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ် အား ဆက်လက် အသုံးမပြုရန် ရှင်းလင်းပြော ကြား ခဲ့ ပါသည်။
ကုမ္ပဏီ အကြံပေး ဦးဇင်ဦး မှ ၎င်းတို့ကုမ္ပဏီ အနေဖြင့် နိုင်ငံခြားသား များနှင့် ပြည်တွင်းမိတ်ဆွေများအား လက်ဆောင်ပေးရန် တရုတ်ပြည် ရှိ ကုမ္ပဏီသို့ ကမ္ဘာလုံး စီးကရက် စက်ရုံလိပ်စာ ကိုသာပေးပြီး မြန်မာပြည် အတွက် အမှတ်တရ (Logo) လုပ်ပေးရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ အတွင်းက မှာကြားခဲ့ရာ သြဂုတ် လဆန်းပိုင်း တွင် ရွှေတိဂုံစေတီတော်ပုံ ပါ လက် က်ခြောက်ဗူးကြီး (၅၀)ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း ပြောပြ သိရှိရပါသည်။
ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအိုက်ထွန်း မှ မှာယူ ရရှိသည့် ဗူး (၅၀) အ နက် ၎င်း၏ မိတ်ဆွေများနှင့် နိုင်ငံခြားသား များထံ (၁၆) ဗူးလက်ဆောင် ပေး ခဲ့ကြောင်းသိရှိရသဖြင့် ကျန် (၃၄) ဗူးအား သိမ်းဆည်းခဲ့ပြီး လက်ဆောင်ပေး ခဲ့ပြီးဖြစ်သည့် (၁၆) ဗူးအား ပြန်လည် သိမ်းဆည်းနိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
Also Credit to Golden Land Myanmar facebook page
No comments:
Post a Comment