 |
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် စမတ်ဖုန်းများထုတ်လုပ်ခြင်းကိုကြည့်ရှုစစ်ဆေးနေစဉ်
မြောက်ကိုရီးယားရဲ့ပထမဆုံးစမတ်ဖုန်းကို ထုတ်လုပ်လိုက်ပြီလို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့
KCNA ကကြေငြာခဲ့ပါတယ်။ ဒါပေမယ့်ဒေသခံတွေအနေနှင့်ကတော့ အင်တာနက်နှင့်ဖုန်းဆက်သွယ်ခြင်းများမှာကန့်သတ်များ
ရှိနေဆဲပါပဲ။
စမတ်ဖုန်းပုံတွေဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ် အဲဒီဖုန်းထုတ်တဲ့စက်ရုံကိုသွားရောက်လည်ပတ်ကြည့်ရှုပြီး
တဲ့နောက်မှာ ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ အခုထုတ်လိုက်တဲ့ဖုန်းအမှတ်တံဆိပ်ကတော့ ကိုရီးယားရိုးရာသီချင်းတစ်ပုဒ်ရဲ့အမည်ဖြစ်တဲ့ " Arirang " ဖြစ်ပါတယ်။
အဲဒီဖုန်းဟာ ထိတွေ့မျက်နှာပြင်အမျိုးအစားဖြစ်ပြီး ပုံထွက်အရည်အသွေးကောင်းတဲ့ "high pixel" စသည်ဖြင့်အင်္ဂါရပ်တွေ
ပါဝင်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်ကင်တစ်ယောက်ကတော့ဖြင့် ဒါဟာမြောက်ကိုရီးယားရဲ့ကိုယ်ပိုင်နည်းပညာနှင့်
ထုတ်လုပ်ပြီး ကိုယ်ပိုင်တံဆိပ်နှင့်အမြောက်အမြားထုတ်လုပ်တဲ့ ကုန်ပစ္စည်းဖြစ်တဲ့အတွက် ဂုဏ်ယူဖွယ်ရာအမျိုးသားရေးကိစ္စ
တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
|
 |
မြောက်ကိုရီးယားထုတ် Arirang ဖုန်း |
သို့သော်ငြားလည်း မြောက်ကိုရီးယားအနေဖြင့် ဒီလိုဖုန်းမျိုးထုတ်နိုင်တယ်ဆိုတာသံသယဖြစ်နေကြပါတယ်
North Korea Tech ၀က်ဘ်ဆိုက်ရဲ့ဒယ်ဒီတာတစ်ဦးဖြစ်သူ မာတင် ၀ီလီယံ ကတော့ ဖုန်းကိုတရုတ်မှာထုတ်တာဖြစ်ပြီး
မြောက်ကိုရီးယားရောက်မှ ပြန်လည်တပ်ဆင်တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။
ဘာလို့လည်းဆိုတော့ အလုပ်သမားတွေက အချောသတ်ထုတ်လုပ်ပြီးသားကုန်ပစ္စည်းကိုပဲပြသွားတာ ၊ သူတို့ဖုန်းကို
စစ်ဆေးတယ်၊ စမ်းသပ်တယ် ဒါပေမယ့် တစ်ကယ့်ထုတ်လုပ်တဲ့အပိုင်းကိုပြမသွားဘူးလို့လည်း ပြောပါသေးတယ်။
မည်သို့ပဲဖြစ်ဖြစ် မြောက်ကိုရီးယားရဲ့နိုင်ငံပိုင်သတင်းဋ္ဌာန KCNA ကတော့ပြီးခဲ့တဲ့ရက်အနည်းငယ်က ကိုယ်ပိုင်နည်းပညာ
သုံးစမတ်ဖုန်းထုတ်လုပ်နိုင်ခဲ့ကြောင်းကြော်ငြာသွားခဲ့တာတော့အမှန်ပါပဲခင်ဗျား။
အားလုံးကျန်းမာကြပါစေ။
Silver
Ref : edition.cnn.com
No comments:
Post a Comment