လွန်ခဲ့သည့် နှစ်ပေါင်း၇၀ ကျော်က တရုတ်နိုင်ငံရှန်ဟိုင်းမြို့ တွင် ဆုံစည်းခဲ့သည့်ချစ်သူကို ဂျူး ဒုက္ခသည်ဟောင်းက ပြန်လည်ရှာ ဖွေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဂျူးဒုက္ခသည်၏အမည်မှာ ဂယ်ရီမက်ဇ်ဒေါ့ဖ်ဖြစ်ပြီး သူသည် လွန်ခဲ့သည့်အနှစ်၇ဝခန့်က နာဇီ ဂျာမနီတို့ရန်ကြောင့် ကွန်မြူနစ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွား ခဲ့ပြီးနောက် ချစ်သူနှင့်ဆုံစည်းခဲ့ ခြင်းဖြစ်သည်။ ယခုအခါ အသက် ၉၂နှစ်အရွယ်ရှိ မက်ဇ်ဒေါ့ဖ်သည် ရှန်ဟိုင်းမြို့သို့ပြန်လာခဲ့ကာ ကွဲ ကွာခဲ့သည့် သူ၏ချစ်သူ တရုတ် အမျိုးသမီးကို တွေ့လိုတွေ့ငြား ရှာဖွေလျက်ရှိသည်ဟုသိရသည်။ ထိုစဉ်က မက်ဇ်ဒေါ့ဖ်သည် သူ၏ ချစ်သူတရုတ်မလေးအား ကပွဲ ခန်းမအတွင်း အမှတ်မထင်ဆုံ စည်းမိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
ယခုအခါ ရှန်ဟိုင်းမြို့သည် ယခင် သူနေထိုင်ခဲ့စဉ်ကနှင့် မတူ ဘဲ ခေတ်မီဆန်းပြားကာ အရှေ့ ပါရီဟူ၍ပင် လူသိများထင်ရှား လျက်ရှိရာ လွန်ခဲ့သည့်ဆယ်စုနှစ် များစွာ ရှန်ဟိုင်းနှင့် ပတ်သက်သည့် ပုံရိပ်များမှာ မက်ဇ်ဒေါ့ဖ်၏ မှတ် ဉာဏ်ထဲတွင် မှေးမှိန်ကွယ်ပျောက် လျက်ပင်ရှိနေသည်ဟု ဆိုသည်။
မက်ဇ်ဒေါ့ဖ်သည် ၁၉၄၁ ခုနှစ်တွင် ကလီယိုဝမ်းနှင့်ဆုံစည်း ခဲ့ခြင်းဖြစ်သည်။ ကလီယိုဝမ်း သည် သူ့ကိုစွန့်ပစ်ကာ ပျောက် ကွယ်သွားခြင်းဖြစ်သည်။ စစ်ကြီး ပြီးသည့်နောက် နန်ကျင်းမြို့လမ်း ပေါ်တွင် တစ်ကြိမ်ပြန်လည်ဆုံ တွေ့ခဲ့ပြီးနောက် ထပ်မံကွဲကွာ သွားခဲ့သည်။
ယခုအခါ ရှန်ဟိုင်းမြို့တွင် ချစ်သူဟောင်းကို တွေ့လိုတွေ့ငြား ပြန်လည်ရှာဖွေနေသော မက်ဇ် ဒေါ့ဖ်နှင့်အတူ သူ၏ဇနီးသည် ပါ အတူလိုက်ပါလာခဲ့သည်ဟု သိရသည်။
Copy from Yangon Media Group
No comments:
Post a Comment