အဆိုပါ ကျိုက်မရောမြို့နယ်ရှိ ကျောင်းခုနှစ်ကျောင်းကို သြဂုတ်လ ၁ ရက် နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထားပြီး ရေပြန်ကျသည့် အချိန်မှ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကျိုက်မရောမြို့နယ်တွင်အတ္ထရံ မြစ်ရေမှ ရေကြီးရေလျှံမှုကြောင့် ကော့ဒူ၊ ကော့ပနော၊ ကဒုံစီ၊ မက်ကရို၊ ကွန်ငန်း၊ ဝါးပြကုန်း၊ ငါးပြေမနှင့် နိဒုန်ကျေးရွာ တို့တွင် ဇူလိုင်လ ၃၀ ရက်နေ့မှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျေးရွာများ ရေလျှံမှုကြောင့် ရေဘေးဒုက္ခသည်များ နေထိုင်ရန် ကျိုက်မရောမြို့နယ် အ.ထ. က (၁) ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရကြောင်း အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများက ရှင်းပြသည်။
Credit to The Voice Weekly
No comments:
Post a Comment