နေပြည်တော်၊ ဇူလိုင် ၉
၈-၇-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
ထိုင်သူ ၀င်းမောင်(၅၂)နှစ်အား
သက်သေများနှင့်အတူရှာဖွေရာ ၄င်းလွယ်ထားသည့် စစ်စိမ်းရောင်ဘေးလွယ်အိတ်အတွင်း မှ WY စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား ၅၈ ပြား၊ အလေးချိန်(၅.၈)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၉၁၄၀၀ိ/ -)အား
ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ လမ်းတစ်ဖက်ပေ ၂၀ ခန့်အကွာရှိ တဲအိမ် ၁
လုံးအား ၀င်ရောက်ရှာဖွေစဉ် လူဒိတ်(၄၁)နှစ်က ၎င်းင်းတဲပေါ်မှနေ၍ M-22
သေနတ်ဖြင့်(၃)ချက်ပစ်ဖောက်ခုခံသဖြင့် ဖမ်းဆီးရေး အဖွဲ့မှ M-22
သေနတ်ဖြင့်(၂)ချက်ပြန်လည်ပစ်ခတ် ကာ
လုံးထွေးဖမ်းဆီးခဲ့ရသည်။
ထို့နောက် လူဒိတ်လွယ်ထားသည့်
ဘေးလွယ်အိတ်အားရှာဖွေရာ လွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်
စိတ်ကြွဆေးပြား ၄၈ ပြား၊ အလေးချိန်(၄.၈)ဂရမ်၊ တန်ဘိုးငွေကျပ်(၁၅၈၄၀၀ိ/-)၊
M-16 မောင်းပြန် ရိုင်ဖယ် ၁ လက်၊ ၃၅ တောင့်ဝင်ကျည်အိမ် ၁ ခု၊ ၅.၅၆ကျည် ၂၀
တောင့်၊ M-22 ခေါက်ဒင် ၁ လက်၊ ၂၅ တောင့်ဝင်ကျည်အိမ်
၁ ခု၊ ၇.၆၂x၃၉ ကျည် ၁၁ တောင့်၊ ဒဿမ ၃၀ ကာဘိုင်ကျည် ၂၉ တောင့်၊
အမေရိကန်နိုင်ငံလုပ် ဖျူးစ်ပါ M-57 လက်ပစ်ဗုံး ၁ လုံး နှင့် CDMA
ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် တဲအတွင်း၌ဆက်လက်ရှာဖွေရာ
မူးယစ်ဆေးဝါးလာရောက်ဝယ်ယူသူ ရွှေတောကျေးရွာနေ စနေတင်(ခ)စိုးစိုး(၃၀)နှစ်အား
ထပ်မံဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် အသုံးပြုသည့်
၎ဂ/xxxxနံပါတ်ပါ Mighty-X မော်တော်ယာဉ် ၁ စီး၊ နံပါတ်မပါ Tenar
အမျိုးအစားဆိုင်ကယ် ၂ စီးနှင့် ၂ယ/xxxxနံပါတ်ပါဆိုင်ကယ် ၁ စီး
တို့အားသိမ်းဆည်းရမိ ခဲ့သောကြောင့် ၀င်းမောင်၊ လူဒိတ်နှင့်
စနေတင်တို့(၃)ဦးအား ထုံးအိုင်နယ်မြေရဲစခန်းမယ(ပ)၁/ ၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ ဖြင့် လည်းကောင်း၊ (ပ)၁၃/ ၂၀၁၃၊ လက်နက်ယာယီပြင်ဆင်ချက်ဥပဒေပုဒ်မ ၁၉-က ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် ဖေ့ဘုတ်မှ
No comments:
Post a Comment