အ.ထ.က (၂) တာမွေ ငါးတန်းကလေး တယောက်ရဲ့ အင်္ဂလိပ်စာ စာအုပ်ပါ.
ဆရာမက Essay သင်ပေးတာ My hobby are reading and painting. ဖြစ်နေလို့
အိမ်ကစာတတ်တဲ့မိဘက My hobbies are ဆိုပြီး ပြင်ပေးလိုက်တာကို "ငါ့စာမှာ
ဘာမှလာမပြင်နဲ့ နင်တို့ဘာ နင်တို့ပြင်ချင်ရင် ကိုယ့်အိမ်က စာအုပ်ထဲမှာပြင် စာမေးပွဲမှာ အဲလိုလာဖြေရင်လဲ လုံးဝအမှတ်မပေးဘူး" လို့ပြောပါတယ်.
စဉ်းစားသာကြည့်ကြပါတော့ Grammar မှားနေတာကို ဆရာမ လုပ်တဲ့သူက မှားနေတာတောင်မသိဘဲ သိတဲ့မိဘက ပြင်ပေးလိုက်တော့လဲ ပြန်စီစစ်ရကောင်းမှန်း မသိ အမှတ်မပေးဘူးတဲ့.
စဉ်းစားသာကြည့်ကြပါတော့ Grammar မှားနေတာကို ဆရာမ လုပ်တဲ့သူက မှားနေတာတောင်မသိဘဲ သိတဲ့မိဘက ပြင်ပေးလိုက်တော့လဲ ပြန်စီစစ်ရကောင်းမှန်း မသိ အမှတ်မပေးဘူးတဲ့.
အဲလိုဆရာမ မျိုးနဲ့ သင်ရတဲ့
အနာဂတ်လူငယ်တွေ အတွက်ရင်လေးစရာပဲ.ဒါတောင် 'My name is Mg Mg' ဆိုတဲ့
နေရာမှာလဲ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာင်္းလေးပဲဖြစ်ဖြစ်
သူရေးပေးသလိုပဲရေးရမယ် နာမည်ပြောင်းရေးခွင့်မရှိပါဘူးတဲ့......ကဲ
အဲ့လိုပုံစံမျိုးတွေနဲ့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို
ပြုပြင်ပြောင်းလဲဖို့ဆိုရင်တော့ အရည်အချင်း ပြည့်ဝတဲ့ ဆရာ ဆရာမတွေဖြစ်အောင် အရင်လေ့ကျင့်ပေးသင့်ပါတယ်။
အဲဒီ ဆရာမက ဒေါ်ခင်မျိုးမြင့်ပါ. အ.ထ.က (၂) တာမွေ မှာ ငါးတန်းရော ရှစ်တန်းကိုပါ အင်္ဂလိပ်စာ သင်နေပါတယ်တဲ့
Myawady News
No comments:
Post a Comment