မာဒါဂတ်စကာမှာပြုလုပ်မယ့် ကွန်ဖူးပြိုင်ပွဲကို ဂျက်ကီချန်းတက်ရောက်မည်
လာမယ့်
စက်တင်ဘာ ၅ ရက်ကနေ ၁၀ ရက်အထိ မာဒါဂတ်စကာနိုင် ငံရဲ့မြို့တော်
အန်တာနာနာရီဗိုမှာ ကျင်းပမယ့်ငါးကြိမ်မြောက်
ကွန်ဖူး-၀ူရှူးအာဖရိကဖလားပြိုင်ပွဲကို ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး ဂျက် ကီချန်းကိုယ်တိုင် တက်ရောက်အားပေးသွားမယ်လို့ သိရပါတယ်။
မာဒါဂက်စီဖက်ဒရေးရှင်းရဲ့ အကြီးအကဲဖြစ်တဲ့ ဂျိုဆေးရာမာ ဟာရီဆင်က
“ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲကို ကျင်းပခွင့်ရဖို့ ၂၀၀၉ ခုနှစ်ကတည်းက
ကြိုးပမ်းခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့အိပ်မက်
အကောင်အထည်ပေါ်လာခဲ့ပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီပြိုင်ပွဲမှာ တရုတ်နိုင်ငံကရှောင်လင် ကိုယ်တော် ခြောက်ပါးလောက်လည်း ပါဝင်ပြသဖို့ စီစဉ်ထား တယ်လို့ သူကဆက်ပြောပါတယ်။
ကွန်ဖူးပညာရပ်မှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးဖြစ်တဲ့
ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချမ်း တက် ရောက်မယ့် ဒီပွဲကိုတစ်ကမ္ဘာလုံးက
ကွန်ဖူးဝါသနာရှင်တွေအပါအ၀င် လူငယ်တွေလည်း စိတ်ဝင်စားနေ ကြတာကြောင့်
ကျွန်တော်တို့နိုင်ငံကိုလည်း အကုန်လုံးအာရုံစိုက်လာကြပါလိမ့်မယ်လို့ ရာမာဟာရီဆင်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အောင်သုတ
မဇ္ဈိမ
Myanmar Online News facebook မှ
No comments:
Post a Comment