![]() |
ဖားကန့်မြို့သို့သွားသည့် ကာမိုင်း-မအူပင်လမ်းတွင် လမ်းပျက်စီးမှုကြောင့် ယာဉ်များပိတ်မိနေသည်ကို တွေ့ရစဉ် |
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ သွားရာလမ်းပိုင်း ကာမိုင်း-မအူပင်ကြားတွင် ကုန်ကားတစ်ရာကျော် ဇူလိုင်၂၈ ရက် ညနေ ၃ နာရီမှ စတင်ပြီး ပိတ်မိနေကြောင်း သတင်းရရှိသည်။ ကာမိုင်း-မအူပင်ကြားတွင် ကုန်ကားကြီးများမှာ ၄င်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုနိုင်ပြီး ကားငယ်များမှာ ၄င်းလမ်းအပြင်က ထန်ယန်ပတ်လမ်းကို အသုံးပြုပြီး သွားနေရသည်။ "လမ်းကဆိုးနေတာ ကြာပြီ။ အခုက ကုန်ကားတစ်စီး လဲနေတာဆိုတော့ သုံးရက်လောက်တော့ ကြာနိုင်တယ်။ BOT စနစ် ချထားတယ်လို့ ကြားပေမယ့် လုံခြုံရေးအကြောင်းပြပြီး မပြင်တာ နှစ်နှစ်ကျော်ပြီ။ ၀ါဆို၊ ၀ါခေါင်ဆိုရင် ဒီထက်ဆိုးဦးမှာ" ဟု ဖားကန့်လမ်းပိုင်းတွင် ၁၀ နှစ်ကျော် ကားမောင်းလာသူ ကိုအားတီက ဆိုသည်။
ဖားကန့်ဒေသသို့သွားရန် လမ်းနှစ်သွယ်ရှိပြီး မိုးညှင်း-ဟိုပင်-အင်းတော်ြ
အဓိက လမ်းပိုင်းဖြစ်ပြီး ရာသီမရွေး အသုံးပြုနေသော မြစ်ကြီးနား-မိုးကောင်း-ကာမ
ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက "၂၀၀၈ ခုနှစ်နောက်ကို ကားလုပ်ငန်းဟာ စီးပွားဖြစ် လုပ်ငန်းကနေ စား၊ ၀တ်၊ နေရေး ဖြေရှင်းတဲ့အဆင့်ပဲ ရှိတော့တယ်။ ကြားထဲမှာ စစ်ဖြစ်တော့ ပိုဆိုးတာပေါ့" ဟု ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကမူ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖားကန့်သို့ ရောက်ရှိချိန်တွင် ဖားကန့်ဒေသသည် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကျောက်စိမ်းရတနာနှင့် အဆိုးဆုံးလမ်းကို ပိုင်ဆိုင်ထားကြောင်း ပြောဆိုခဲ့သည်။
EMG
Credit to မြန်မာ့သားကောင်း
No comments:
Post a Comment