အီးယူက ကန့်သတ်ထားချိန် မြန်မာကို ဗြိတိန် လက်နက် ဝယ်ယူခွင့်ပြု သတင်းများ
ဥရောပ သမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသည့်ကြားမှ
မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ၅သန်း(ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ
လက်နက်များ တင်သွင်းခွင့် လိုင်စင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဗြိတိန်အစိုးရ က
ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ဗြိတိန် အစိုးရ အင်တာနက်
စာမျက်နှာတွင် ဖော်ပြ ထားသည်။
ဗြိတိန် အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ တန်ဖိုးရှိ လက်နက် တင်သွင်းခွင့် လိုင်စင် ၃၀၀၀ ကျော် ကို နိုင်ငံပေါင်း ၂၇ နိုင်ငံအား ပေးအပ်ကြောင်း ကြေညာခဲ့သည်။ ယင်းနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် သတိထား စောင့်ကြည့် ရမည့် မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျားနှင့် ဆီးရီးယား ကဲ့သို့သော နိုင်ငံများ ပါဝင်နေ၍ ယင်းနိုင်ငံ များသို့ လက်နက် တင်သွင်းခွင့် လိုင်စင် ထုတ်ပေးသည့်အပေါ် ဗြိတိန် ပါလီမန်က ဗြိတိန် အစိုးရထံ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ဗြိတိန် အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ တန်ဖိုးရှိ လက်နက် တင်သွင်းခွင့် လိုင်စင် ၃၀၀၀ ကျော် ကို နိုင်ငံပေါင်း ၂၇ နိုင်ငံအား ပေးအပ်ကြောင်း ကြေညာခဲ့သည်။ ယင်းနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် သတိထား စောင့်ကြည့် ရမည့် မြန်မာနိုင်ငံ အပါအဝင် တရုတ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျားနှင့် ဆီးရီးယား ကဲ့သို့သော နိုင်ငံများ ပါဝင်နေ၍ ယင်းနိုင်ငံ များသို့ လက်နက် တင်သွင်းခွင့် လိုင်စင် ထုတ်ပေးသည့်အပေါ် ဗြိတိန် ပါလီမန်က ဗြိတိန် အစိုးရထံ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံသို့
ပေးအပ်သည့် လက်နက် တင်သွင်းခွင့် လိုင်စင် ရှစ်ခု ရှိပြီး စစ်ဘက်သုံး
တိုက်ခိုက်ရေး လေယာဉ်များ ထိန်းချုပ်သည့် ဆော့ဖ်ဝဲ၊ ချပ်ဝတ်တန်ဆာများ၊
လျှို့ဝှက် သင်္ကေတများ ရှာဖွေသည့် ဆော့ဖ်ဝဲ များ၊ ဖောက်ခွဲရေးသုံး
ပစ္စည်းများ၊ ရေတပ်နှင့် လေတပ် လမ်းညွှန်သုံး စနစ် များနှင့် ဒုံးကျည်များ
ပါဝင်ကြောင်း ယင်းသတင်း စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဗြိတိန် အစိုးရ
ခွင့်ပြုသည့် လက်နက် တင်သွင်းခွင့် လိုင်စင် အများဆုံး ရရှိသည့်
နိုင်ငံများမှာ တရုတ်၊ ဆော်ဒီအာရေဗျနှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံတော် သမ္မတ
ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ရောက်ရှိခဲ့စဉ်က
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး
Philip Hammond တို့နှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးတွင်
အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ်လာစေရန် အတွက် ဗြိတိန် တပ်မတော်က
မြန်မာ့ တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ၊ စစ်ရေး
လေ့ကျင့်ပေး မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကမ်းလှမ်း
ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ
ရုံးသို့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ရိုးရာလေး မှတဆင့်ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်
မြန်မာနိုင်ငံ၏ အင်တာနက် ဆက်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခုဖြစ်သည့်
ပင်လယ်ရေအောက် ဖိုင်ဘာ ကေဘယ် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း
ချို့ယွင်းမှုကြောင့် အင်တာနက် အမြန်နှုန်းများ
တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
တစ်လခန့် နှေးကွေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။
အဆိုပါက ဖိုင်ဘာ
ဆက်ကြောင်းသည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီတွင် ချို့ယွင်းခဲ့သဖြင့်
အင်တာနက်နှင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ကုန်းတွင်း နယ်စပ်
ဖြတ်ကျော် ဖိုင်ဘာ ဆက်ကြောင်း များသို့ ပြောင်းလဲ ချိတ်ဆက်ထားကြောင်း
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်သည်။ “စင်ကာပူက အဖွဲ့နဲ့ ပြင်ဖို့
ညှိနေတယ်။ တစ်လလောက် ကြာမှာဆိုတော့ အဲဒီအချိန်အတွင်း အင်တာနက်တော့
နှေးမှာပဲ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အပြည်ပြည် ဆိုင်ရာ
ဆက်ကြောင်းများနှင့် ချိတ်ဆက်ထားသည့် အဆိုပါ SE-ME-WE 3 ဆက်ကြောင်း ၏
မြန်မာနိုင်ငံတွင်း လမ်းကြောင်း တစ်လျှောက်ကို စစ်ဆေးရာ ပင်လယ်အတွင်း ၁၃
ကီလိုမီတာ ဝန်းကျင် တွင် ပြတ်တောက်နေသည်ကို တွေ့ရပြီး စင်ကာပူနိုင်ငံမှ
ပင်လယ်ရေအောက် ကေဘယ် ပြုပြင်ရေး အဖွဲ့ကို ခေါ်ယူ ပြင်ဆင် မည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အဓိက
အင်တာနက် ဆက်ကြောင်းမှာ တစ်ခုတည်းသာ ရှိနေသေးပြီး ယခုအတိုင်း
ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပွားပါက စီးပွားရေး လုပ်ငန်းများအတွက်
ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင် ကြောင်း မြန်မာ အင်တာနက် ဖွံ့ဖြိုး
တိုးတက်ရေးအဖွဲ့ MIDO မှ ကိုညီညီ (သံလွင်) က ပြောကြားသည်။
ယင်းသို့
ဆုံးရှုံးမှုများကို ကာကွယ်ရန် ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ များ ရေးဆွဲရာတွင်
ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ သက်တမ်း နှစ်
၃၀ သတ်မှတ်ထားသည့် SE-ME-WE 3 ကေဘယ်လ် ကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၃၄
နိုင်ငံမှ ချိတ်ဆက် အသုံးပြုနေပြီး လက်ရှိ သက်တမ်း နှစ် ၂၀ ရှိပြီဖြစ်၍
မကြာခဏ ပြတ်တောက်မှု များ ဖြစ်ပွားလေ့ ရှိသဖြင့် SE-ME-WE 5
ဆက်ကြောင်းသစ်နှင့် ချိတ်ဆက် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက
ကြေညာထားသည်။ ရိုးရာလေးမှတဆင့်ပြန်လည်ကူးယူဖော်ပြပါသည်
No comments:
Post a Comment