Tuesday, May 14, 2013

RCSS / SSA (ရွက်ဆစ်) တို့၏ တပ်စခန်း သုံးခုအား ထပ်မံ သိမ်းပိုက်

နေပြည်တော် ၊ ၁၄-၅-၂၀၁၃

http://pyichit-thar.blogspot.com/2013/05/rcss-ssa_14.html

ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS / SSA (ရွက်ဆစ်) တပ်စခန်း ၃ ခုကို တပ်မတော် စစ်ကြောင်းမှ ထပ်မံ သိမ်းပိုက် လိုက်ကြောင်း မူဆယ်မြို့ရှိ RCCS ဆက်ဆံရေး တာဝန်ခံ SSA ဗိုလ်ကြီး အဆင့်ရှိ စိုင်းကံ က ပြောကြားကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က RCSS / SSA (ရွက်ဆစ်) စခန်း ရင်း ၇၀၁ ကို တပ်မတော်မှ သိမ်းပိုက် ခဲ့ပြီး နောက်တစ်ရက် ၁၁ ရက်နေ့တွင် ညအချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ မေလ ၁၂ ရက်နေ့တွင် အပြီး အပိုင် သိမ်းပိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" တပ်မတော် အနေနဲ့ စခန်း တစ်ခုပြီးတစ်ခု ကို သိမ်းနေတာက ကြာရင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကို တဖြည်းဖြည်း ထိခိုက် လာနိုင်ပါတယ် ၊ စစ်ဒဏ်ကြောင့် လည်း စစ်ဘေး ဒုက္ခသည်တွေ အများကြီး ရှိလာပါပြီ ၊ ကျွန်တော်တို့ နယ်မြေထဲက စစ်တပ်က ပြန်ဆုတ် ပေးရင် တိုက်ပွဲ ဖြစ်ပွားတော့မှာ မဟုတ် ပါဘူး .... " ဟု စိုင်းကံ က ဆက်လက် ပြောကြား ခဲ့သည်။

တပ်မတော် စစ်ကြောင်းများ မှ ထပ်မံ သိမ်းပိုက် နိုင်ခဲ့သော စခန်း ၃ ခုမှာ မန့်ကွန် စခန်း ၊ နောင်ခန်း စခန်း နှင့် နောင်းမ စခန်းတို့ ဖြစ်ကြပြီး ရင်း ၇၀၁ စခန်း အပါအ၀င် RCSS / SSA (ရွက်ဆစ်) မှ ဆုတ်ခွာ ပေးရသည့် စခန်း ၄ ခု အထိ ရှိလာပြီ  ဖြစ်ကြောင်း သိရသည်။ ဆုတ်ခွာ သွားခဲ့သော RCSS / SSA (ရွက်ဆစ်) စခန်း ၃ ခုသည် ကျေးရွာအတွင်း တည်ရှိနေရာ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀ ကျော်ခန့်သည် စစ်ဘေးဒဏ် သင့်ခဲ့ရကြောင်း သိရသည်။

RCSS / SSA (ရွက်ဆစ်) တွင် ခန်းမှန်း အင်အား ၆၀၀၀ ၀န်းကျင် ရှိပြီး ခေါင်းဆောင်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဖြစ်သည်။ SSA-S ကို ရှမ်းပြည် ညီညွတ်သော တော်လှန်ရေး တပ်မတော် ( SURA ) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ဖွဲ့စည်း ခဲ့သည်။ ပင်မ SSA ကို ယခုအခါ SSA-N  ဟုလည်း ခေါ်သည်။ SURA သည် ခွန်ဆာ ဦးဆောင်သည့် မောင်းတိုင်း တပ်မတော်မှ ခွဲထွက် လာသည့် အုပ်စု ဖြစ်ပြီး မူလက ရှမ်းပြည် တပ်မတော် မှ ဖြစ်ကာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ခဲ့သော ၄ ဖွဲ့မြောက် အဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။

http://pyichit-thar.blogspot.com         မှဖြစ်ပါသည်

No comments:

Post a Comment