Friday, May 10, 2013

တပ်တွင်းပုံပြင်..

===========

တပ်တွင်း ဦးရေးထောက်အစည်းအဝေးကျင်းပနေသည်...၊၊

အဘ ခေါ်တပ်ရင်းမှူးကြီးက စားပွဲဝိုင်းထိပ်မှာ..၊

တပ် ရေး ၊ တပ်ထောက် ၊ တပ်ကြပ်ကြီးစာရေး ၊ အစီအရီ ကိုယ့် နေရာ ကိုယ် နေရာယူကြသည် ၊

တစ်လအတွင်း တပ်တွင်းပြီးစီးသည့် အလုပ် လုပ်ရန်ကျန် ၊ ပြီးတော့ လိုအပ်ချက်တွေ အခတ်အခဲတွေ တင်ပြကြမည် ၊၊

နောက်တန်းတပ်ခွဲမှူးဆိုသူက အခန်းအနား အစီအစဉ်တွေ ရွက်ပြသည် ၊ ဒိနောက်တော့ တပ်ရေးဗိုလ်ကြီးဆိုသူမှ အလှည့် ကျနာမည် တွေ ခေါ်ပြီးမတ်တပ်ရပ် တင်ပြစေသည် ၊

အရင်ဆုံး ရေးထောက်တွေ သူတို့ စီမံချက် တာဝန်တွေမတင်ပြခင် သက်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေး တာဝန်ရှိအရာရှိတွေ ကို ဦးစွာတင် ပြစေသည် ၊၊

ကဲ ...မွေးမြူရေးတာဝန်ခံဗိုလ်ကြီး

မတ်တပ်ရပ် အလေးပြုသည် ..
အဘခင်ဗျာ..အရင်တပါတ်ကပေါက်တဲ့ နွားပေါက်လေး နေမကောင်းဖြစ်နေတယ်ခင်ဗျ ..
တိရစ္ဆာန်ဆရာဝန်တော့ ခေါ်ပြီးကုထားပါတယ် ခင်ဗျ..၊ ဆေးထိုးခ ၃၀၀၀ ပေးရပါတယ် ..၊
ဆိက်ကလေးကတော့ သေသွားပြီခင်ဗျ ..၊ ဆိတ်မကြီးကနို့ သိပ်မထွက်တာလည်း ပါတယ်ခင်ဗျ ၊
တပ်တွင်း ၀တ်တွေပေါက်ထားတာ လည်း အဘကိုသတင်းပို့ ထားပြီးသားပါ ခင်ဗျ ၊ စုစုပေါင်း ၆ ကောင်ပါ..
ဒါပေမယ့် အဘ ၀က်မကြီး က လူးလိမ့် ပြီးသူ့ ကလေးတွေ သူပြန်ပိကုန်လို့ ၁ ကောင်သေသွားတယ်ခင်ဗျ..၊ဆရာဝန်ခေါ်ခ ဆေးထိုးခတွေ လောလောဆယ်ကျွန်တော်ပဲစိုက်ထား ပါတယ်ခင်ဗျ ..၊
တပ်ရင်းမှူး...
မင်းလုပ်ပုံက ဟုတ်မှ မဟုတ်ပဲ ကွ..၊ ဆိတ်တစ်ကောင်တန်ဘိုးမင်းသိလား ၊
ဝက်ပေါက်တစ်ကောင် ၃ ..၄သောင်းရှိတယ်.ကွ ၊ သူ့ ဘာသာ ဘာဖြစ်လို့ ပဲသေသေ  မင်းစောက်သုံးမကျလို့ ပေါ့ ကွ ၊
မင်းအကုန်လျော်..၊ ဒါပဲ နော်..၊ ကြားလား ..၊၊
ဒီလောက်မှာထားရက်နဲ့  ...............။

အဘ..
ဒါဆိုကျွန်တော် စိုက်ထားတဲ့ ဆေးဘိုးပိုက်ဆံလေးတွေတော့ ပြန်လိုချင်ပါတယ်ခင်ဗျ..

ဟိတ်ကောင် မင်းစကားမချေနဲ့ တပြားမှမရဘူး..၊၊ မင်းအသုံးမကျလို့ အလုပ်ကို အလုပ်နဲ့ တူအောင်အလုပ်မလုပ်လို့ ပေါ့ ကွ ..အရာရှိဆိုတာ အရာရာကိုသိရှိနေရမယ်. ..၊
မင်းတ၀န်ရှိတာမင်းအကုန်လုပ်ရမယ်..၊
ငါ့ ဆီကဘာမှ လာတောင်းမနေနဲ့ ။
ဟုတ်ကဲ့ ..
ဟုတ်ကဲ့  ပါ အဘ..၊ ( ဒီလ လည်းလစာကုန်ပြန်ပြီကွာ.....................................)

ကဲ ထိုင်တော့..

စိုက်ပျိုးရေးတာဝန်ခံ..ထ
အဘခင်ဗျာ............
လယ်ဧက ၂၀ အတွက်ခါတိုင်းနှစ်တွေလိုပဲ ဒီတပ်နားကရွာတွေကိုအကူအညီတောင်းကြည့် ပမယ် ခင်ဗျ
ပိုက်ဆံတော့ ပေးရမယ် ခင်ဗျ...
နေ့ စားနဲ့ ရှင်းပေးရမယ် ခင်ဗျ..တပ်ကရဲ မေတွေရော.လုပ်အားပေးခိုင်းရမယ်ခင်ဗျ..၊ အရင်နှစ်တွေကတော့ တပ်တွင်းရဲ မေတွေကိုလည်း အပြင်လိုပဲနေ့ စားရှင်းပေးပါတယ်ခင်ဗျ ..

အေးပေါ့ ကွာ.ပေးရမှာပေါ့ ..
မင်းကဘယ်လောက်ပြောထားလို့ လည်း...၊

အပြင်မှာတော့ ၃၀၀၀ လောက်ပေးတယ်ခင်ဗျ...၊

အေးပြီးတာပဲလေ...ငါ့ ရဲမေတွေ အပြင်ထက်တော့ ဈေးနှိမ်ပြီးမခိုင်းပါဘူးကွ..နော၊
ကိုယ့် ရဲမေ ပိုတောင်ပေးရအုံးမှာ..မတတ်နိုင်လို့ သာ ၊
အေးကောင်းပါတယ်.ဒါနဲ့ မင်းဟာကဘယ် နှရက်လောက်လုပ်ရမှာလည်း ၊

၂ ပါတ်လောက်တော့ စိုက်ရမယ် ခင်ဗျ...
အမြန်ဆုံး ၁၀ ရက်လောက်တော့ကြာမယ်.. ၊

မင်းဟာကလည်းစဉ်းစားအုံးမှပေါ့ ကွ..
ဘယ့် နှယ် ...လယ်လေး ဧက ၂၀ လောက်ကို မင်းက ၁၀ ရက်လောက်လုပ်နေတော့ ဘယ်လိုလုပ် ကျန်တော့မလည်းကွ..
ရာသီဥတုကကောင်းတာမဟုတ်ဘူး  ၊ နားလည်လားဟိတ်ကောင် ၁ ပါတ်နဲ့ ပြီးအောင်စိုက်..၊
ကြားလား ၊

ဟုတ် ဟုတ်ကဲ့ ပါ..အဘ...၊

ကျွန်တော် နည်းနည်းထပ်တင်ပြစရာလေးရှိပါသေးတယ်ခင်ဗျ..
တပ်တွင်းမှာက ကျွဲတွေပဲရှိတော့ ရွာကသတွေက မလုပ်တတ်ဘူးခင်ဗျ..
ပြီးတော့ ကျွဲတွေက အရမ်းပိန်နေပြီအဘ..၊ကျန်းမာရေးမကောင်းဘူး ၊
အာ့ ကြောင့် အပြင်က သူတို့ နွားတွေ နဲ့ ပဲ ..လုပ်လို့ ရမလားမေးနေတယ်..အဘ..၊

အဲဒါဘယ်လိုလုပ်ရမလည်း...

ကောင်းတာပေါ့ ..ခေါ်လာခိုင်းလိုက်လေ...

ပိုက်ဆံတော့ပေးရမယ် ခင်ဗျ...နွားခရော..၊

အင်း..မင်းကတော့ လုပ်လာပြီ..၊
ကောက်စိုက်ခ ရယ် နွားစာရယ် နွားဘိုးရယ်  ပိုက်ဆံတွေအရမ်းကုန်နေပြီ..ကွ..
ပြောလိုက်မင်းလယ်သမားကို ခေါ်ချင်ခေါ်မခေါ်ချင်နေ နွားအတွက်ပိုက်ဆံမပေးဘူး..
လုပ်ချင်လုပ် ..မလုပ်ချင်တပ်တွင်းလူနဲ့ ဖြစ်အောင်ခိုင်းကွာ...၊

ဟုတ်ကဲ့ ..ပါအဘ..

ကဲ...........
သင်တန်းစာရေး...
ဒီတပါတ်တော့ အဘ...သင်တန်းစေလွတ် ၅ ယောက်ရှိပါတယ်..လက်နက်ကြီး ငယ်သင်တန်း ၊တိုက်စည်း နဲ့ ......စအဖ သင်တန်းတွေပါ အဘ.၊
သင်တန်းထောက်ပံ့ ကျေးတွေတော့ ပေးဘို့ ရှိတယ်..အဘ.၊

အင်းအင်း..၊
ထားလိုက်အုံး...၊

ကဲ..
ရုံးအုပ်ကြီး...၊
ရုံးအုပ်ကြီး မတ်တပ်ရပ်သည်...ဖြေးဖြေးချင်း..
ခါးကကိုင်းရက်..လက်နှစ်ဘက်လုံး စားပွဲပေါ်ထောက်ထားသည်...၊
ခြေထောက်တစ်ဘက်က ခြေတင်ပေါ်တင်ရက်သား.........၊
အလေးပြုတာကလည်းဖြစ်သလို ............၊သူကလက်ထဲက အစည်းအဝေးမှတ်တမ်းစာအုပ် ကိုဟိုလှန်ဒီလှော လုပ်နေသည်...၊၊

ထားလိုက်တော့ လေ..
ရုံးအုပ်ကြီးနဲ့ က ပြီးမှ ကိုယ်နဲ့ သီးသန့် တွေ့ မယ် ည်ီလေး..ထားလိုက်တော့ .၊
တပ်ရင်းမှူးမိန့် သည်...၊၊

ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ကိုယ်စီကိုယ်စီ တင်ပြချက်တွေပြီးစီးကြတော့ တန်းဖြုတ်ဘို့ လုပ်ကြသည်...၊
ဒုရင်းမှူးခေါ် ဘလေးက တန်းဖြုတ်ဘို့ ခွင့် တောင်းသည်..၊
ဆက်လုပ်ဆိုတော့ အားလုံးထိုင်တဲ့ ခုံလေးတွေ နေရာတကျပြန်ထား....၊
အရာရှိတွေခေါင်းငိုက်စိုက်.................၊
ရမယ့် လစာရယ်...
စိုက်ရမယ့် ပိုက်ဆံရယ်...
တချို့ က ဒီလသွားစရာရှိတဲ့ ယာယီတာဝန်ခေါ် T -duty  အတွက် လမ်းစရိတ်တွေ ကြံရဖန်ရတော့ မယ်...၊
ချက်လက်မှတ်တွေ ရောင်းဘို့ လုပ်ကြရတော့ မယ်..
အိမ်ကအမေ့ ကို ရှိသမျှပိုက်ဆံလေးပို့ ပို့ ခိုင်းရတော့ မယ်...၊

တပ်ရင်းမှူးကြီးက ကျန်ခဲ့ တဲ့ ရုံးအုပ်ကြီးနဲ့ ကျန်တာတွေ ဆက်လက်ညှိုနှိုင်းနေတုန်း ..စကားပြောကောင်းနေတုန်း.......၊

ဒီရုံးအစောက်အဦးလေးထဲက ပြန်ထွက်ကြတော့ အားလုံး နဂိုအတိုင်း.
အရာအားလုံး..........
ဗိုလ်ကြီးတွေလည်း ဗိုလ်ကြီးအလုပ်တွေပြန်လုပ်ကြပြီ...
အခြားအဆင့် ရဲ ဘော် အကြပ် စစ်သည်တွေလည်း ကိုယ်စီကိုယ်စီတာဝန်တွေ.နဲ့ .....၊
နေရာတကျ ပြန်ကြလေသည်..၊၊

ဒါပေမယ့် ခြေလှမ်းတွေ လှမ်းလိုက်တိုင်းအားတွေရှိလာသည် ၊

" ငါလည်းတနေ့ ဒီလိုဖြစ်အောင်ကျိုးစားမယ် ကွ."

-----------------------------------------

ရွှေပြည်တော်မဝေးတော့ပြီ...............။































No comments:

Post a Comment