အားလုံးဟာ မသေချာတဲ့လမ်းကို
လျှောက်လှမ်းနေကြရတာချည်းပါပဲ။
မြတ်ဗုဒ္ဓက မသိခြင်း ငါးမျိုးကို ညွှန်ပြတော်မူခဲ့ပါတယ်။
(၁)ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာကို မသိခြင်း
(၂) ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာကို မသိခြင်း
(၃) မနက်၊ နေ့လည်၊ ညနေ ဘယ်အချိန်မှ သေရမယ်ဆိုတာကို မသိခြင်း
(၄) ကြွင်းကျန်းတဲ့ ဥတုဇခန္ဓာကိုယ်ကို ရွာထဲ မြို့ထဲ တောထဲ တောင်ပေါ် မြစ် သမုဒ္ဒရာ ဘယ်နေရာမှာ ပစ်ချခံမည်ဆိုတာကို မသိခြင်း
(၅) လူ့ဘ၊ နတ်ဘဝ၊ တိရစ္ဆာန်ဘဝစတဲ့ဘဝတွေမှာ ဘယ်ဘဝရောက်ရမယ်ဆိုတာ မသိခြင်း..
ဆိုတဲ့ မသိခြင်း ငါးပါးပါပဲ။
ဒီမသိခြင်းတွေနဲ့ ဘဝကိုလျှောက်လှမ်းနေကြရတော့
သေချာတာဘာများရှိနေလို့လဲ၊
မသိခြင်းတွေနဲ့ ခရီးသွားနေရတာခြင်းအတူတူ
သူတလူ ငါတမင်း ရန်ဘက်ခင်းပြီး ပြိုင်ဆိုင်နေကြတာတော့
နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်တာပဲ။
မသေချာတဲ့ လမ်းကို လျှောက်လှမ်းရင်း ကိုယ့်အတွက်
သေချာတာတွေကို စုဆောင်တတ်တဲ့ အခွင့်အရေးသမားဖြစ်ဖို့
ကြိုးစားရမယ်။
ဒါမှ တကယ့်အခွင့်အရေးသမားကောင်း ဖြစ်မှာပါ။

No comments:
Post a Comment