Monday, February 11, 2013

အမေရိကန်နိုင်ငံမှ လှူဒါန်းသည့် ခေါင်းလောင်းတော်ကြီး၏ ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ပြုလုပ်ခဲ့

၁၁-၂-၂၀၁၃

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ပရိဝုဏ် အတွင်းအမေရိကန်နိုင်ငံမှ လှူဒါန်းတဲ့ မဓုရသဒ္ဒ မဟာဃဏ္ဋ မဓုရသဒ်ဒမဟာဃဏ်တ   ခေါင်းလောင်းတော်ကြီးရဲ့ ပန္နက်တော်တင်၊ တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားကို
 ဖေဖော်ဝါရီလ ၉ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။     အဆိုပါ      ခေါင်းလောင်းတော်ကြီးကို
 ရွှေတိဂုံဘုရား အနောက်ဘက်မုခ် အောက်ပစ္စယံရှိ အိန်္ဒိယ နိုင်ငံမှ လှူဒါန်းတဲ့ ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်နားမှာ 
ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ခေါင်းလောင်းရဲ့ တန်ဖိုးမှာ မြန်မာငွေ ကျပ်သိန်းနှစ်ထောင်ကျော်ဖြစ်ပြီး အလေးချိန်အနေနဲ့      ၂တန်ခွဲခန့် 

ရှိတယ်လို့ သိရပါတယ်။ မဓုရသဒ္ဒ     ခေါင်းလောင်းတော်ကြီးရဲ့ ပန္နက်တင် အခမ်းအနားမှာ ဆရာတော်ကြီးများ 
ထံမှ ၉ ပါး သီလ ခံယူ ဆောက်တည်ကာ ပရိကမ္မဒါန မင်္ဂလာ အဖြစ်            မဟာဃဏ္ဋရူပက ပုံတော်မြတ်ကို 
သံဃာတော်များအား လှူဒါန်းပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြတယ် လို့ သိရပါတယ်။
 အဲ့ဒီ ခေါင်းလောင်းတော်ကို အမေရိကန်နိုင်ငံမှ ပညာရှင်များက တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit to News Of Myanmar

No comments:

Post a Comment