Saturday, January 12, 2013

flv ဖိုင်တွေကို Android ပေါ်မှာ format မပြောင်းပဲ ကြည့်နိုင်ဖို့

၁၂/၁/၂၀၁၃

မင်္ဂလာပါ အခုပိုစ့်လေးကတော့ Android devices တွေအတွက် video ဖိုင်တွေကြည့်နိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ Android devices တွေမှာ မူလအခြေခံအားဖြင့် ပါဝင်လာတဲ့   video player လေးတွေ
အများစုဟာ .flv နဲ့ အဆုံးသတ်တဲ့ video ဖိုင်တွေကို တစ်ခါတည်းတန်းကြည့်လို့မရတာများပါတယ်။

အဲလိုကြည့်နိုင်ဖို့ အတွက် Flv Player ကိုထပ်ပြီးမိမိစက်ပေါ်မှာ တင်ပေးရပါတယ်။ ဒါပေမယ့် တကယ့်
တကယ်ဖွင့်ကြည့်ရင် အဆင်မပြေတာတွေတွေ့ရပါတယ်။ ဒါလည်းကိုယ်တွေ့ပါပဲ ကိုယ်ကြိုက်တဲ့ video
ဖိုင်ဆို တစ်ခါတည်း download ဆွဲ download ခက်ခက်ခဲခဲဆွဲပြီးပြန်တော့ တစ်ခါထပ်ပြီး format ချိန်း
နဲ့တော်တော်ကသီပါတယ်။

အခုတော့ အဲလိုဒုက္ခတွေဝေးသွားပါပြီ (၁)ဒီကောင်လေးကိုအရင် ဒေါင်းလုပ်ဆွဲလိုက်ပါ Kascend player
ပြီးရင် မိမိရဲ့ Android devices တွေပေါ်မှာ Install လုပ်လိုက်ပါ။ ပြီးပြီလား ဒါဆို မဖွင့်နဲ့ဦးနော် ခဏ
ပိတ်လိုက်ပါဦး (၂)ဒီဖိုင်လေးကိုဆက်ပြီးဒေါင်းလုပ်ဆွဲလိုက်ပါဦး vitamio-7  ဒေါင်းလုပ်ဆွဲပြီးရင် ပထမအ
ဆင့်လိုပဲနော် Install လုပ်လိုက်ပါဦး။

အားလုံးပြီးပြီဆိုရင် ok ပြီပေါ့ဗျာ၊ လားထား youtube ကဆွဲမလား၊ ဘယ်ကဆွဲဆွဲရလာတဲ့ .flv ဗီဒီယိုတွေ
ကို မိမိရဲ့ ဖုန်းပေါ်၊ တက်ဘလက်ပေါ် ဒီတိုင်းသာတင်ပြီး နံပါတ်(၁)ဒေါင်းလုပ်ဆွဲထားတဲ့ Kascent player
လေးနဲ့အေးဆေးသာကြည့်ကြပေတော့ဗျား။ အချိန်ကုန်သက်သာပြီးအဆင်ပြေသွားပါလိမ့်မယ်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။
*Silver*

No comments:

Post a Comment