Saturday, January 12, 2013

ရာဇ၀င်ထဲကစက်ရုပ်နှင့်ယန္တရားများ-၎

၁၂/၁/၂၀၁၃
မင်္ဂလာပါခင်ဗျား ယခုတစ်ခေါက် အပိုင်း-၄အနေနှင့်တင်ပြပေးသွားမှာက တော့ အားလုံးလဲသိပြီးသား
ကျော်ကြားသူတစ်ဦးဖြစ်တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ တီထွင်ဖန်တီးမှုတစ်ခုပါ။
လီယိုနာဒိုဟာ မိုနာလီဆာရဲ့ပန်းချီကားနှင့်တင် နာမည်ကျော်တာမဟုတ်ပါဘူး    အခြားစက်မှုဆိုင်ရာ
ရှေ့ပြေးတီထွင်မှုတွေကြောင့်လည်းလူသိများပါတယ်။     ဒါပေမယ့် ယခု ဒီပိုစ့်မှာတော့ သူတီထွင်ခဲ့တဲ့ စက်ရုပ်တရုပ်အကြောင်းပဲရွေးချယ်တင်ပြပေးသွားမှာပါ။

မှတ်တမ်းမှတ်ရာတွေရဲ့ အဆိုအရ ၁၄၉၅ ခုမှာ လူနှင့်တူတဲ့စက်ရုပ်ကို  ဖန်တီးဖို့ကြိုးစားခဲ့တယ်လို့သိ
ရပါတယ်။ ပုံစံကတော့ အဲဒီရာစုခေတ် မြင်းစီးသူရဲကောင်းတွေ Knight ရဲ့ပုံစံမျိုးနှင့်         တူတယ်လို့
ဆိုပါတယ် ပုံကိုလေ့လာကြည့်ပါ။
လီယိုနာဒိုရဲ့ ပုံကြမ်းပုံစံတွေအရဆိုရင်တော့ အဲဒီစက်ရုပ်ဟာ လက်၊ ခေါင်း နှင့်မေးရိုး တွေလှုပ်ရှားနိုင်
သည့်အပြင် ထိုင်နိုင်ထနိုင်တယ်လို့သိရပါတယ်ခင်ဗျ။    ပုံမှာပြထားတဲ့ပုံစံကိုတော့ မီလန်မြို့က သုတေ
သန ပညာရှင်တွေက ၂၀၀၇ ခုနှစ်မှာ         ပြန်လည်တည်ဆောက်သရုပ်ဖော်ထား ခြင်းဖြစ်ပါတယ်လို့
တင်ပြလိုက်ရပါတယ်ခင်ဗျား။

No comments:

Post a Comment