မင်္ဂလာပါခင်ဗျား တန်ဆောင်တိုင်မှာ နည်းနည်းအလုပ်များသွားလို့ ပိုစ့်တွေတင်ဖို့ ပျက်ကွက်တာ
ကိုတောင်းပန်ပါတယ်ခင်ဗျား။ ကဲအခုဆက်လက်ပြီး တီထွင်ရင်းအသက်ပေးရသူများ အပိုင်း ၄ ကိုဆက်ကြ
ပါဦးစို့။
ယခုတစ်ခေါက်တင်ပြမှာကတော့ Thomas Midgley Jr. ဆိုတဲ့လူအကြောင်းပါ။ သူ့ကို ဓါတုဗေဒပ
ညာရှင်တစ်ယောက် အထူးသဖြင့် ခဲဓါတ်ပါဝင်တဲ့ ဓါတ်ဆီ နဲ့ ပါတ်ဝန်းကျင်ထိခိုက်မှုမရှိစေတဲ့ ဓါတ်ငွေ့များ
ဖြစ်တဲ့ FREON အုပ်စုများကို အထူးပြုလေ့လာဖြင်းဖြင့် လူသိများပါတယ်။
ဒါပေမယ့် သူကိုယ်တိုင်တော့ စမ်းသပ်သရုပ်ပြပွဲတစ်ခု မှာ လက်နှစ်ဘက်လုံးကိုသူ့ရဲ့ပြုပြင်ထားတဲ့
ဓါတ်ဆီများလောင်းပြီး စမ်းသပ်ဖန်ခွက်ထဲထည့်ထားတဲ့ အဲဒီဓါတ်ဆီကိုစက္ကန့် ၆၀ တိတိရှုပြရာကနေခဲဆိပ်
သင့်ခံခဲ့ရပါတယ်။
ဒါပေမယ့် သင်ထင်သလိုသူဟာ အဲဒီခဲဆိပ်သင့်ခြင်းကြောင့် သေဆုံးခဲ့ရတာမဟုတ်ပဲ နောက်ထပ်
သူ့ရဲ့တီထွင်မှုတစ်ခုကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ပါတယ်။ ဖြစ်ပုံကတော့ သူဟာပိုလီယိုရောဂါဖြစ်ပြီး အိပ်
ရာထဲလဲနေချိန်မှာ သူ့အထိုင်အထကိုအထောက်အကူဖြစ်စေဖို့ စက်သီးတွေကြိုးတွေနဲ့ ယန္တရားတစ်ခုကို
တီထွင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ ၁၉၄၄ ခုနှစ်မှာတော့ သူဟာ သူတီထွင်တဲ့ အထက်ဖေါ်ပြပါစက်
ယန္တယားကကြိုးတစ်ချောင်းနဲ့ မတော်တဆ ရစ်ပတ်ငြိမိပြီး ကွယ်လွန်နေတာကို တွေ့ခဲ့ကြရပါကြောင်းတင်
ပြလိုက်ပါတယ်ခင်ဗျာ။
နောက်တစ်ယောက် အပိုင်း-၅ ကိုဆက်လက်တင်ပြသွားဦးမှာဖြစ်ပါတယ်။
No comments:
Post a Comment