![]() |
သားဖြစ်သူ၏ရုပ်အလောင်းထားရှိပုံကိုပြသနေသည့် Mr Xueming Tian |
သားဖြစ်သူကိုချစ်လို့ သေသွားတာတောင်မှ မသင်္ဂြိုလ်ပဲ ရေခဲသေတ္တာထဲထည့်သိမ်းထားတာ
သင်ယုံပါ့မလား။ ဒါကတကယ်ပါ တရုပ်ပြည်တောင်ပိုင်း Huangling မြို့ငယ်လေးမှာဖြစ်ပါတယ်။ ဖြစ်ပုံက
တော့ Mr Xueming Tian တို့မိသားစုပဲဖြစ်ပါတယ်။ သူတို့ရဲ့သားဟာ ကောလိပ်ကျောင်းစတက်တဲ့အချိန်
မှာမှ သွေးကင်ဆာရောဂါ ရှိနေမှန်းသိလိုက်ရတယ်လို့ဆိုပါတယ်။
သူတို့ဟာသားကို အရမ်းချစ်လွန်းတော့ ဆရာဝန်တွေမျိုးစုံ၊ ဆေးခန်းတွေ အဖုံဖုံလိုက်လံပြသ
ပြီးကုသခဲ့ပေမယ့် ဘယ်လိုမှအသက်ရှင်ဖို့မျှော်လင့်ချက်မရှိတာအမှန်ပါ။ "နောက်ဆုံး ကျွန်တော်တို့တတ်
နိုင်တာကတော့ ဘုရားမှဆုတောင်းယုံမှတစ်ပါး အခြားမရှိတော့ပါဘူး " လို့ Mr Xueming Tian ကပြောပါ
တယ်။
သူသားသေတဲ့အခါ Mr Xueming Tian ဟာသားကိုနောက်ထပ်မတွေ့နိုင်တော့ဘူးဆိုတဲ့စိတ်
ကြောင့် အခုလိုရေခဲသေတ္တာထဲထည့်ပြီးထိန်းသိမ်းထားတာပဲဖြစ်ပါတယ်။ Mr Xueming Tian ဟာသားသ
မီးကံမကောင်းဘူးလို့ပဲပြောရမလား ဒီသားဟာ ဒုတိယမြောက်ဖြစ်ပြီး ပထမ သမီးတုန်းကလည်းသေဆုံးခဲ့
ပါတယ်။
ဒါကြောင့်မို့လည်းအခုသားဖြစ်သူဆုံးတော့ ယူကြုံးမရဖြစ်ပြီး အခုလို ထည့်သိမ်းထားတာလို့
ပြောပါတယ်။ ပထမတော့ အခုလိုသားဖြစ်သူရဲ့အလောင်းကိုသိမ်းထားတာ လျှို့ဝှက်ထားပေမယ့် ပြီးခဲ့တဲ့
နှစ်ကစလို့ တစ်စတစ်စ သတင်းကပြန့်သွားတာပါ။
Mr Xueming Tian ကတော့ ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးမကြည့်နိုင်တဲ့အချိန်ကျ
မှ သင့်တော်ကောင်းမွန်အောင် မြှုပ်နှံသင်္ဂြိုလ်ဖို့စီစဉ်ထားပါတယ်လို့ပြောပါတယ်။ ထူးခြားလွန်းတဲ့မေတ္တာ
တရားပဲပြောရမှာပေါ့နော။
REF : Weird Things
No comments:
Post a Comment