Sunday, November 11, 2012

ရမ်းကားတဲ့လိုင်းကား

၁၁/၁၁/၂၀၁၂

ရမ်းကားတဲ့လိုင်းကား ဒီတိုင်းထားမှာလား
၁၁/၁၁/၂၀၁၂
ကြည့်မြင်တိုင် မြို့နယ် အတွင်းတွင် ဖြတ်သန်းမောင်းနှင် နေသော ဘတ်စ်ကား လိုင်းများ အနက် အဓိပတိ လိုင်းကားများသည် စည်းကမ်း အမဲ့ဆုံးနှင့် ယာဉ်တိုက်မှု အဖြစ်ဆုံး ယာဉ်လိုင်းဖြစ်သည်။ မည်သူမျှ ထိရောက်စွာ အရေးမယူသောကြောင့် ထင်သည် လွန်ခဲ့သော သုံးလ ခန့်က ကြည့်မြင်တိုင် နတ်စင်လမ်းထိပ်တွင် ကလေး နှစ်ဦးသေဆုံး သည် အထိ ၀င်တိုက်သွားသော အဓိပတိ ယာဉ်လိုင်းသည် မနေ့ည ၇ နာရီ

ခန့် ကလည်း ကြည့်မြင်တိုင် နိဗာန် လမ်းထိပ်တွင် ၁၀ နှစ်ခန့် အရွယ် ကလေး တဦး အား တဖက် ယာဉ်ကြောထိ စည်းကမ်းမဲ့ အတင်းကျော်တက်စဉ် တိုက်မိခဲ့ပြန်ရာ အပြစ်မဲ့ ထို ကလေးငယ်မှာ ဆေးရုံတွင် သတိလစ် နေဆဲဖြစ်ကြောင်း ။ အပြစ်မဲ့ သော သတိလစ်နေသည့် ထို ကလေး နှင့် မိခင်မှာ ဆေးရုံတွင် အခက်ကြုံနေရကြောင်း ။ စည်းကမ်းမဲ့ မောင်းနှင် ပြီး ကလေးကို တိုက်သတ်ကာ မောင်းထွက်ပြေးသည့် အဓိပတိ ယာဉ်ကို ကြည့်မြင်တိုင်သားတို့က ကားများဖြင့် လိုက်လံ ဖမ်းဆီးရာ ညဈေး အနီးတွင် ကားကို တွေ့ရှိရပြီး ယာဉ်မောင်းမှာမူ ထွက်ပြေးသွားကြောင်း။

အပြစ်မဲ့သော ကလေးငယ်မှာ သတိလစ်နေဆဲဖြစ်ကြောင်း အဓိပတိ ယာဉ်လိုင်းမှ တာဝန်ရှိသူများကို သိစေလိုပါကြောင်း။

ကို Nay Myo Zin စာမျက်နှာမှ မူရင်းအတိုင်းဖြစ်ပါသည်။

No comments:

Post a Comment